နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ်(၂) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ်(၂) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ


MNP -  ဇန်နဝါရီ ၁၂

နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ်(၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


သင်တန်းဆင်းပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ယခုသင်တန်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ဥပဒေအသိပညာပြန့်ပွားရေးလုပ်ငန်းများဆောင်ရွက်ရန်နှင့် နိုင်ငံ့ ဝန်ထမ်းအကြီးအမှူးများကို ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းတက်ရောက်ပြီးစီးကြောင်း အသိအမှတ်ပြုလက်မှတ် (Certificate of Legal Advocacy CLA) ပေးအပ်နိုင်စေရန် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနအနေဖြင့် ဥပဒေအသိ ပညာပေးသင်တန်းများဖွင့်လှစ်ခြင်း၊ ဥပဒေစာအုပ်များထုတ်ဝေခြင်း၊ ဥပဒေသုတေသနပြုပြီး စာတမ်းများဖတ်ကြားခြင်း၊ ဥပဒေသတင်းအချက်အလက်စနစ် တည်ထောင်ထားရှိခြင်း စသည့် ဥပဒေဝန်ဆောင်မှုများကို ပုံစံအမျိုးမျိုးဖြင့်ဆောင်ရွက်လျက်ရှိကြောင်း။


သင်တန်းတွင် ဥပဒေရေးရာဝန်ကြီးဌာနမှ ဦးစီးဌာနများ၏အကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာဘာသာရပ်၊ အပြည်ပြည်ဆိုင်ရာနှင့် အာဆီယံဥပဒေဘာသာရပ်၊ စီးပွားရေးစာချုပ် စာတမ်းများစိစစ်ခြင်းဘာသာရပ်၊ အထွေထွေဥပဒေအကြံပေးရေးဘာသာရပ်၊ ပြစ်မှုဆိုင်ရာနှင့် အထူးဥပဒေများ လက်တွေ့အသုံးချမှုဘာသာရပ်နှင့် တရားမဆိုင်ရာဘာသာရပ်များကို သင်ကြားပို့ချပေးခဲ့ပြီး သင်ကြားပို့ချခဲ့သည့်ဘာသာရပ်များသည် သင်တန်းသားများအတွက် လက်တွေ့အသုံးဝင်သည့် ဘာသာရပ်များဖြစ်ကြောင်း၊ ပို့ချပေးသည့်ဆရာများသည်လည်း နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအပါအဝင် ဥပဒေရေးရာ နယ်ပယ်တွင် လုပ်ငန်းအတွေ့အကြုံများစွာရှိသည့် ဥပဒေပညာရှင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဥပဒေချုပ်များနှင့် လက်တွေ့လုပ်ငန်းဆောင်ရွက်နေကြသည့် ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြောင်း၊ သင်တန်းသားများ၏ သင်တန်းအပေါ်ထင်မြင်အကြံပြု ချက်များအရ ယခုသင်တန်းသည် သင်တန်းသားများအတွက် ဥပဒေအသိပညာများစွာ ရရှိကြောင်းနှင့် အကျိုးရှိကြောင်းသိရှိရ၍ ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ သင်တန်းအပေါ် ထင်မြင်အကြံပြုချက်များအရ လိုအပ်ချက်များကိုစိစစ်၍ နောင်ဖွင့်လှစ်မည့်သင်တန်းများ ပိုမိုကောင်းမွန်စေရေးအတွက် ဖြည့်ဆည်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယခုသင်တန်း၏ အခြေအနေ၊ အချက်အလက်များကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ အစီရင်ခံစာ ပေးပို့တင်ပြသွားမည်ဖြစ်ပြီး ဥပဒေရေးရာဝန်ကြီးဌာနတွင်လည်း မှတ်တမ်း များထိန်းသိမ်းထားရှိမည်ဖြစ်ကြောင်း ပြောကြားသည်။


သင်တန်းဆင်းပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင်များ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များ၊ သင်တန်းဆရာများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ ၃၅ ဦး တက်ရောက် ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)