MNP - ဇန်နဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ စုံညီပွဲတော် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ(၂)နာရီ၌ မန္တလာသီရိအားကစားကွင်း VIP ခန်းမ၌ ကျင်းပခဲ့သည်။ အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မန္တလေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမောင်ကိုက အဖွင့်အမှာစကားပြောကြားပြီး မျိုးဆက်သစ် ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတဖလှယ်ခြင်းနှင့် ငြိမ်းချမ်းရေးစကားနှီးနှော ဖလှယ်ပွဲ ဦးစီးကော်မတီဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးက လုပ်ငန်းဆောင်ရွက်ချက်များကို ဆွေးနွေးတင်ပြသည်။
ထို့နောက် တက်ရောက်လာသည့် ဆပ်ကော်မတီအသီးသီးက လိုအပ်သည်များကို ဆွေးနွေးခဲ့ကြပြီး ဆေးနှီးနွယ်တက္ကသိုလ်များနှင့် စပ်လျဉ်း ၍လည်းကောင်း၊ အဆင့်မြင့်တက္ကသိုလ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ နည်းပညာတက္ကသိုလ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ သမ ကောလိပ်၊စိုက်/သိပ္ပံကျောင်းများနှင့်စပ်လျဉ်း၍လည်းကောင်း တာဝန်ရှိသူများက ဆွေးနွေးခြင်း၊ တိုင်းပညာရေးမှူးက ဆွေးနွေးခြင်း၊ အထွေထွေဆွေးနွေးပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြင့်မြင့်သန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment