မုံရွာခရိုင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအ​​ဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုံရွာခရိုင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအ​​ဝေး ကျင်းပ


MNP  -  ဇန်နဝါရီ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအ​​ဝေးကို ယမန်နေ့နေ့လယ် ၂ နာရီက ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ အစည်းအဝေးတွင် မုံရွာခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးက "မုံရွာခရိုင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ အနေဖြင့် မိမိတို့ ခရိုင်အတွင်းရှိ မုံရွာ၊ ချောင်းဦး၊ ဘုတလင်နှင့် အရာတော် မြို့နယ်များတွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကဏ္ဍများနှင့် စပ်လျဉ်းပြီး ကလေးသူငယ်စောင့်ရှောက်ရေးဆိုတာဟာ ကလေးသူငယ်များကို အကြမ်းဖက်ခြင်း၊ အလွဲသုံးခြင်း၊ လစ်လျူရှုခြင်း၊ ခေါင်းပုံဖြတ်ခြင်းတို့ကနေ ကာကွယ်ကြဖို့ ဖြစ်ပါကြောင်း၊ ကလေးသူငယ်များကို နည်းမျိုးစုံဖြင့် အကြမ်းဖက်ခြင်း၊ စနစ်တကျ ပြုစုစောင့်ရှောက်မှု မပြုဘဲ လစ်လျူရှုခြင်း၊ စီးပွားရေးအရ လုပ်အားခေါင်းပုံဖြတ်ခြင်းတို့အပြင် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခြင်း၊ နှိပ်စက်ခြင်းတို့မှ ကင်းဝေးအောင် မိဘ၊ ရပ်ရွာ၊ ပတ်ဝန်းကျင်တို့က ပူးပေါင်းကာကွယ်စောင့်ရှောက်ကြဖို့ လိုအပ်ပါကြောင်းနှင့် ကလေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ စိတ်လှုပ်ရှားခံစားမှုပိုင်းဆိုင်ရာနှင့် ပေါင်းသင်း ဆက်ဆံရေးပိုင်ဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်ပြီး ကောင်းမွန်စွာ ဖွံ့ဖြိုးနိုင်ဖို့အတွက် ကလေးငယ်၏ ရှေးဦးဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရက်(၁၀၀၀)အတွင်းတွင် အဟာရပြည့်ဝမှုကလည်း အရေးပါသော အချက်ဖြစ်တဲ့အတွက် တိုင်းပြည်အနာဂတ် ခေါင်းဆောင်ဖြစ်လာမည့် ကလေးများအား ပြုစုပျိုးထောင်ပေးခြင်းသည် တိုင်းပြည်အတွက် အကျိုးများသော ရင်းနှီးမြှုပ်နှံမှု တစ်ခုဖြစ်ကြောင်း၊   ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီများကို တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်တိုင်းမှာ ဖွဲ့စည်းထားပြီးဖြစ်တဲ့အတွက်ကြောင့် ကလေးသူငယ်များ၏ အခွင့်အရေးများကို အားလုံးပူးပေါင်းဆောင်ရွက်ပေးစေကြောင်း" တိုက်တွန်း အမှာစကားပြောကြားခဲ့သည်။


ဆက်လက်ပြီး မုံရွာခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အတွင်းရေးမှူး တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးမြင့်ရီက မုံရွာခရိုင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကဏ္ဍများနှင့် စပ်လျဉ်းပြီး ဆောင်ရွက်ပြီးစီးမှု များနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို အသေးစိတ် ရှင်းလင်းဆွေးနွေး တင်ပြပြီး တက်ရောက်လာကြသည့် မုံရွာခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အဖွဲ့ဝင်များက သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအသီးသီးအလိုက် အားလုံးပူးပေါင်းဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းဆွေးနွေးတင်ပြမှုများအပေါ် လိုအပ်သည်များအား မုံရွာခရိုင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌက ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)