ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ပျော်ရွှင်အေးချမ်းစွာကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ပျော်ရွှင်အေးချမ်းစွာကျင်းပ




MNP  - ဇန်နဝါရီ ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် အားကစား ကွင်းတွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်ယနေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုလွပ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ပျော်ရွှင်အေးချမ်းစွာ ကျင်းပလျက်ရှိသည်။


ထိုသို့ကျင်းပရာတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယ အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မိုးမောင်မှ ဦးဆောင်ကြီးကြပ်မှုဖြင့် ကျား၊ မ တာတို၊ တာလတ် အပြေးပြိုင်ပွဲ၊ အလျားခုန်ပြိုင်ပွဲ၊ သံလုံး၊ သံပြားပစ်ပြိုင်ပွဲ၊ လှံတန်ပစ်၊ မုန့်စားပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ သုံးချောင်းထောက်၊ ဂုန်နီအိတ်စွတ်ပြိုင်ပွဲ၊ အပ်ချည်ထိုးပြိုင်ပွဲ၊ အလွတ်တန်းကျား ပိုက်ကျော်ခြင်းပြိုင်ပွဲစသည့်ပြိုင်ပွဲတို့ကို ကျင်းပပေးနေကြောင်းနှင့် အဆိုပါ အားကစားပြိုင်ပွဲသို့ ပင်းတယမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် အဖွဲ့ဝင်များ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများမှ လာရောက်ကြည့်ရှုအားပေးခဲ့ပြီး အမှတ်တရ ဂုဏ်ပြုဆုလက်ဆောင်များကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။


အောင်ကိုဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)