ဒဂုံမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ပညာရေးစုံညီပွဲတော်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ပညာရေးစုံညီပွဲတော်ကျင်းပ






MNP -  ဇန်နဝါရီ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉နာရီက ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ အ.ထ.က(၁)၊ဒဂုံမှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာစန္ဒာမြငြိမ်း၊ ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌနှင့် မိဘဆရာအသင်းအဖွဲ့ဝင်များက ဖဲကြိုးဖြတ်၍ အခမ်းအနားဖွင့်လှစ်ခဲ့ကြပြီး အ.ထ.က(၁)ဒဂုံ ဘင်ခရာအဖွဲ့နှင့် ပန်းပွားအဖွဲ့တို့က သရုပ်ပြဖျော်ဖြေခဲ့ကြ၍ အခမ်းအနားကို စတင်ခဲ့ကြသည်။ ထို့နောက် အ.ထ.က(၁)ဒဂုံ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာစန္ဒာမြငြိမ်းနှင့် ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးအောင်ကိုဇော်တို့က အဖွင့်အမှာစကားပြောကြားခဲ့ကြသည်။


ဆက်လက်၍ (၉)ကြိမ်မြောက် ASEAN Plus Three Junior Science Odyssey နှင့် ၁၀ကြိမ်မြောက် ASEAN Quiz ပြိုင်ပွဲမှဆုရ ဆရာမနှင့် ကျောင်းသားများအားဆုပေးခြင်း၊ တိုင်းအဆင့်၊ မြို့နယ်အဆင့်၊ ကျောင်းအဆင့် လူရည်ချွန်ဆုရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများနှင့် နေ့ကြီးရက်ကြီးအထိမ်းအမှတ် (အထက်တန်း၊ အလယ်တန်း၊ မူလတန်း) အဆင့် စာစီစာကုံး၊ ကဗျာ ၊ပန်းချီ၊ပိုစတာ ပြိုင်ပွဲများတွင်ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက ဆုများစုစုပေါင်း (၂၉၁) ဆုကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။


အဆိုပါဒဂုံမြို့နယ်၊အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သော ၂၀၂၂- ၂၀၂၃ ပညာရေးစုံညီပွဲတော်တွင် ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်း ၊မှုံရွှေရည်သီချင်း၊ ကမ္ဘာတည် သရွေ့သီချင်း၊ လူချွန်လူကောင်းသီချင်း၊ အစရှိသည့် တေးသီချင်းများနှင့် ပြည်ထောင်စုရဲ့ထာဝရအလှသီချင်းများ စသဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။   


ကြည်ဇေသော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)