MNP - ဇန်နဝါရီ ၁၂
ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်း၏ ပညာရေးစုံညီပွဲတော် နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့ မွန်းလွှဲ ၁၂ နာရီအချိန် အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကျောင်းသား၊ကျောင်းသူလေးများက စုံညီပွဲတော် တို့နွဲပျော် သီချင်းဖြင့် ဖျော်ဖြေပေးခဲ့ကြပြီး အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး မောင်ခင်ဝင်းက အမှာစကား ပြော ကြားခဲ့သည်။ ထို့နောက် ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင် အငြိမ်းစားဆရာကြီး ဦးမောင်ဦးကြည်က ဝမ်း မြောက် ကြောင်းဆုံးမ ဩဝါဒ စကား များပြောကြားခဲ့သည်။ ယင်းနောက် ကျောင်းသား၊ကျောင်းသူလေးများက ရခိုင့်ရိုးရာယိမ်း အကအလှများ ၊ တေးသီချင်း များဖြင့် ကပြ ဖျော်ဖြေပေးခဲ့ကြပြီး ၂၀၂၂-၂၀၂၃ ပညာသင် နှစ် အတွင်း ပညာရည်ချွန်ဆု နှင့် အား ကစား ထူးချွန်ဆု ရရှိ သော ကျောင်းသား/သူများအား ကျောင်းအုပ်ဆရာကြီး နှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြှင့် ပေးကြကြောင်းသိရသည်။
သက်လွင်စိုး၊အောင်ကျော်စိန်
https://t.me/MyanmarNationalPost
No comments:
Post a Comment