တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး


MNP  -   ဇန်နဝါရီ ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနေလျှက်ရှိရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူတို့က မန်ကျောင်း-မန်လုံ ကျေးလက်ကုန်ထုတ်လမ်းနှင့် မန်ကောင်း (ဝမ်တောင်) ကျေးရွာဘက်စုံသုံးခန်းမ တည်ဆောက်ပြီးစီးမှုများအား ယမန်နေ့က ကြည့်ရှုစစ်ဆေးကြသည်။


ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်သည် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစောမြင့်ထွန်းနှင့် တာဝန်ရှိသူတို့က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ပြီးစီးခဲ့သော မန်ကျောင်း-မန်လုံ ကျေးလက်ကုန်ထုတ်လမ်းနှင့် VDP စီမံကိန်းဖြင့် ဆောင်ရွက်သည့် မန်ကောင်း (ဝမ်တောင်) ဘက်စုံသုံးခန်းမ တည်ဆောက်ပြီးစီးမှု၊ လုံမုံကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်း ပြီးစီးမှုများအား ကြည့်ရှုစစ်ဆေးကာ ကျေးရွာရှိကော်မတီဝင်များနှင့် တွေ့ဆုံကာ တင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။


မင်းလွင်ဦး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)