ရခိုင်ပြည်နယ် မောင်တောမြို၌ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး နှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို၌ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး နှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ




MNP  -  ဇန်နဝါရီ  ၁၀

      ရခိုင်ပြည်နယ် မောင်တောမြို့၌ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး  နှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး အ သိပညာ ပေးလက်ကမ်းစာစောင်များကို ယနေ့ နံနက် ၁၀ နာရီအချိန်  မြို့မနာရီစင်ခွဆုံတွင် ဖြန့်ဝေပေး ခဲ့ ကြသည်။


ထိုသို့ ဆောင်ရွက်ရာတွင် အမှတ်(၄၆) မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူးမြင့်သောင်း ၊ မြို့မရဲစခန်းမှူး ဒုတိယ ရဲမှူး ထွန်းနိုင် ၊ မြို့မရဲစခန်း ဒုတိယစခန်းမှူး ယာဉ်/ လမ်းစည်း ကမ်းထိန်းသိမ်းရေး တပ်ဖွဲ့စုမှ ရဲအုပ် သန့် ဇင် လင်း ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ ၊ ရဲတပ်ဖွဲ့ဝင်များ  နှင့် တာဝန်ရှိသူများက အများပြည်သူ သိရှိ လိုက်နာ နိုင် စေရေးအတွက်  အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြပြီး အဆိုပါ အသိပညာပေး လက်ကမ်း စာစောင်တွင် မူးယစ်ဆေးဝါးပပျောက်ရေး နှင့် မူးယစ်ဆေးဝါး နှင့် ပတ်သတ်၍ ဆိုးကျိုးများ၊ သုံးစွဲတဲ့ အ ကြောင်း အရင်းများ ၊ မူးယစ်ဆေးဝါးအမျိုးအစားများ ၊ မူးယစ် ဆေးဝါးသုံး စွဲပြီး ရုပ်ပိုင်း ဆိုင်ရာ ၊ စိတ်ပိုင်း ဆိုင် ရာ ၊ လူမှုရေးပိုင်ဆိုင်ရာ ထိခိုက်မှုများ ၊  ပုဒ်မ ၊  ပြစ်မှု ၊ ပြစ်ဒဏ်များ ၊ ယာဉ် /လမ်း စည်းကမ်းများ နှင့် ပတ် သတ်၍ ယာဉ်မောင်းနှင်းသူ ပြည်သူများအနေဖြင့် ခိုင်ခံ့ ကောင်း မွန် သည့် ဆိုင် ကယ်စီးဦးထုပ်များ ဆောင်း ကြ ရန် မော်တော်ယာဉ်မောင်းနှင်သူများ ထိုင်ခုံခါးပတ် တပ်ဆင်ကြရန်နှင့် ယာဉ် စည်းကမ်းလမ်းစည်းကမ်းများ လိုက်နာ ကြရန် ယာဉ်မောင်းနှင်းသူများ ၊ လမ်းသွား၊ လမ်းလာပြည်သူများ သိရှိ လိုက် နာ ဆောင်ရွက်ရမည့် အချက်များအား အသိပညာပေးပြောကြားပြီး  လက်ကမ်းစာစောင် ၂၀၀ စောင် နှင့် နှာခေါင်းစည်း Mask များကို လည်း ဖြန့်ဝေပေးခဲ့ကြကြောင်းသိရသည်။


သက်လွင်စိုး ၊အောင်ကျော်စိန် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)