ထန်းတပင်မြို့နယ်၌ ကောက်စိုက်စက်ဖြင့် နွေစပါးလက်တွေ့စိုက်ပျိုးပြသ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထန်းတပင်မြို့နယ်၌ ကောက်စိုက်စက်ဖြင့် နွေစပါးလက်တွေ့စိုက်ပျိုးပြသ



MNP  -   ဇန်နဝါရီ ၁၃

တောင်သူများ စပါးစိုက်ပျိုးရာတွင် စက်စွမ်းအားအသုံးပြုကာ စပါးအထွက်နှုန်းများ တိုးတက်လာစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် စက်မှုလယ်ယာ ဦးစီးဌာနမှ UMG ကုမ္ပဏီနှင့်ပူးပေါင်း၍ ဒေသခံတောင်သူများအား (6 Roll Kabota Rice Transplanter) ကောက်စိုက်စက်ကိုအသုံးပြုကာ နွေစပါး လက်တွေ့စိုက်ပျိုးပြသခြင်းနှင့် မက်တာ​ဒေါ လယ်ထွန်စက်ကြီးများမိတ်ဆက်ပွဲကို ယမန်နေ့နံနက်ပိုင်းက စက်မှုလယ်ယာ စနစ်ကျ လယ်ယာမြေ ကွင်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက် ထားရှိသည့် ရေပေါ်သောင်ကျေးရွာ၊ ရေပေါ်သောင်ကွင်းတွင် ပြုလုပ်ခဲ့သည်။


​ကောက်စိုက်စက်ဖြင့်​နွေစပါးလက်တွေ့ စိုက်ပျိုးပြသပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးနှင့် စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီးဌာနမှူး ဦးသန်းထွဋ်​တို့​နွေစပါးစိုက်ပျိုးမှုအ​ခြေ အ​နေများနှင့် ကောက်စိုက်စက်ဖြင့်​နွေစပါးစိုက်ပျိုးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း​ပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုး​ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦး​စောဝင်းကိုက စပါးစိုက်ပျိုးပုံနည်းစနစ်များအ​ကြောင်းကို​ တက်​ရောက် လာကြသည့် ဒေသခံ​တောင်သူများအား ရှင်းလင်း​ပြောကြားသည်။


ထို့​နောက် UMG ကုမ္ပဏီမှ မန်​နေဂျာဦးသန်း​ဇော်လင်းက မက်တာ​ဒေါလယ်ထွန်စက်ကြီးများ​ရောင်းချ​ပေးမှုအ​ခြေအ​နေများကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်နှင့် ဝန်ထမ်းများက ကောက်စိုက်စက်ဖြင့် နွေစပါးများကို လက်တွေ့စိုက်ပျိုးပြသပေးသည်။


နွေစပါးလက်တွေ့စိုက်ပျိုးပြသပွဲတွင်လည်း UMG ကုမ္ပဏီမှ တာဝန်ရှိသူများကလည်း မက်တာ​ဒေါလယ်ထွန်စက်ကြီးများကို ပြသပေးခဲ့ကြသလို နွေစပါးလက်တွေ့ စိုက်ပျိုးပြသပွဲသို့လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦး၊ စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီးဌာနမှူး ဦးသန်းထွဋ်​၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်းလည်း သိရသည်။


ဇင်မင်းထိုက်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)