ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးသတ်တပ်ဖွဲ့ဝင်များအား စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးသတ်တပ်ဖွဲ့ဝင်များအား စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်









MNP  -   ဇန်နဝါရီ  ၂၁

ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊ မောင်တောမြို့၌ ပြည်ထဲရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီးမှ ထောက်ပံ့ ပေးအပ်သော ထောက်ပံ့ငွေများအား စားနပ်ရိက္ခာများဝယ်ယူ၍ မီးသတ်တပ်ဖွဲ့ဝင်များအား ထောက်ပံ့ ပေး အပ်ခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန် မြို့နယ်မီးသတ်ဦးစီးမှူးရုံးတွင် ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မောင်တောခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွန်ကြားရေးမှူး ဦးသန့်စင် နှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းရွှေခိုင် တို့က ပြည်ထဲရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ရောက်ရှိချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့သော ထောက် ပံ့ငွေများအား စားနပ်ရိက္ခာများဝယ်ယူ၍ မီးသတ်တပ်ဖွဲ့ဝင်များအား ထောက်ပံ့ ပေးအပ်ခြင်း နှင့် ပတ်သတ်၍ ရှင်းလင်း ပြောကြားခဲ့သည်။


 ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မောင်တောမြို့နယ်အတွင်းရှိ ခရိုင်၊ မြို့နယ် ၊ မီးသတ် စခန်း များရှိ မီးသတ်တပ်ဖွဲ့ဝင် (၈၂)ဦး အတွက် တစ်ဦးလျှင် ဆီ ၊ ဆား ၊ ကြက်သွန်နီ ၊ ကြက်ဉ ၊ အချိုမှုန့် ၊ ငါးသေတ္တာ ၊ ခေါက်ဆွဲ ၊ စုစု ပေါင်း အမျိုးအစား (၇)မျိုးအား ခရိုင်မီးသတ် ဦးစီးမှူး နှင့် တာဝန်ရှိသူ များက  တပ်ဖွဲ့ဝင် နှင့် မိသားစုများ လက်ဝယ် အ ရောက် ထောက်ပံ့ပေး အပ်ခဲ့ ကြကြောင်းသိရသည်။


သက်လွင်စိုး၊ အောင်ကျော်စိန်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)