MNP - ဇန်နဝါရီ ၅
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဌာနပေါင်းစုံ ဗိုလ်လုပွဲ ပိုက်ကျော်ခြင်း ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ နှင့်ဆုပေးပွဲအခမ်းအနားကို ထမ္မရာဇ်ရပ်ကွက် မင်းစောမွန် အားစကားအတွင်း၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဌာနပေါင်းစုံ ဗိုလ်လုပွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ နှင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲများကို ကျင်းပပြီးနောက် ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုရရှိသော မြန်မာနိုင်ငံရဲတပ်ဖွဲ့အသင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ခင်မောင်စိုး ဆုချီးမြှင့်၍ ဒုတိယဆု ရရှိသော မီးသတ်တပ်ဖွဲ့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးစိုးသက်မှ လည်းကောင်း စားပွဲတင် တင်းနစ်ပြိုင်ပွဲတွင် ပထမဆုရရှိသော ကျေးလက်ဒေ သဖွံ့ဖြိုးရေးဦးစီးဌာန ဦးကျော်မင်းနိုင် ကို လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး မှလည်းကောင်း ဒုတိယဆု ရရှိသော ကျေးလက်ဒေသဦးစီးဌာန မှ ဦးကျော်နိုင်စိုး ကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း မှ ခရီုင်ဦးစီးမှူးတို့ မှလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပေးကြသည်၊၊
အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ နှင့်အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဌ နှင့်အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာ များ ၊ ပြိုင်ပွဲဝင်အားစကားအသင်းများ တက်ရောက် ခဲ့ကြောင်း သိရသည်။
မြင့်စိုး ၊ စိုးငြိမ်းနိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment