ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အစိုးရအဖွဲ့ဝင်များ မြောင်းမြခရိုင် အတွင်းရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အစိုးရအဖွဲ့ဝင်များ မြောင်းမြခရိုင် အတွင်းရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ




MNP  -  ဇန်နဝါရီ  ၁၄

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များသည် ယမန်နေ့နေ့လယ် ၂ နာရီက မြောင်းမြမြို့နယ်၊ မဒေါ့ပင်ကျေးရွာ စံပြစပါးစိုက်ကွက်တွင် စုပေါင်းမြေသြဇာကြဲပက်ခြင်းနှင့် ဆိုလာစနစ်ဖြင့် ရေတင်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။


ဆက်လက်ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညနေ ၃ နာရီခွဲခန့်တွင် မြောင်းမြခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။


အစည်းအဝေးတွင် မြောင်းမြခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေးက မြောင်းမြခရိုင်အတွင်း အုပ်ချုပ်ရေး၊ လူမှုရေး၊ စီးပွားရေးအခြေအနေ ဆောင်ရွက်ထားရှိမှု များကို Power Point ဖြင့် တင်ပြရာတွင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ထားရှိမှု၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးမှု၊ သာသနာဖွံ့ဖြိုးတိုးတက်မှု၊ စပါး၊ ပဲတီစိမ်း၊ နေကြာစိုက်ပျိုးထားရှိမှု၊ ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ချက်မြင့်မားရန် ဆောင်ရွက်ထားရှိမှု၊ ကျေးလက်လမ်းများ ခင်းကျင်း ဆောင်ရွက်ထားနိုင်မှုများ၊ ကျေးရွာမီးလင်းရေးဆောင်ရွက်ထားရှိမှုများ၊ Solar Pump ဖြင့် နွေစပါးရေရရှိရေး ဆောင်ရွက်ထားရှိမှုများ ကို ရှင်းလင်းတင်ပြပါသည်။


ဆက်လက်၍  ဧရာဝတီတိုင်းဒေသကြီး တိုင်းစိုက်ပျိုးရေးဦးစီးမှူး ဦးစိန်မောင်မြင့်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်တို့က တင်ပြချက်များအပေါ်  လိုအပ်ချက်များကို ဖြည့်စွက်မှာကြားသည်။


ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားရာတွင် နေကြာသီးနှံ စိုက်ပျိုးမှုကို သီးညှပ်အဖြစ်စိုက်ပျိုးသည်ထက် သီးသန့်ဧက များများစိုက်ပျိုးရန်၊ ရေမရရှိသော လယ်မြေများကို ရေရရှိရန် စိုက်တိုးမြှင့်အဖွဲ့များက ဝိုင်းဝန်းကြံဆလုပ်ဆောင်ပြီး သီးနှံများ အောင်မြင် ဖြစ်ထွန်းအောင် လုပ်ဆောင်ရန်၊ ရေကို အကျိုးရှိစွာ အသုံးချရန်၊ ရေရရှိရန် ရေဝင်ရန် ပိတ်ဆို့နေသည့် မြောင်းများ တူးဖော်ရန်၊  စပါး၊  ပဲတီစိမ်း နေကြာ လျာထားချက်အတိုင်း ပြည့်မီအောင်စိုက်ရန်၊ စိုက်ပြီးသလောက် အောင်မြင်ဖြစ်ထွန်းအောင် လုပ်ဆောင်ရန်၊ ၂၀၂၂ - ၂၀၂၃ တက္ကသိုလ်ဝင်စာမေးပွဲ အောင်နှုန်းပြည့်မီအောင် လုပ်ဆောင်ရန်၊ ကလေးများ ကျောင်းတက်နိုင်ရန်  အားပေးဆောင်ရွက်ရန်၊  ကျောင်းတက်ကလေး ရာခိုင်နှုန်း မှန်ကန်ရန်၊ ဆိုလာစနစ်ဖြင့် လျပ်စစ်ရရှိရေး၊  ရေရရှိရေး အောင်မြင်အောင် လုပ်ဆောင်ရန်တို့ကို လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)