ဘီးလင်းမြို့နယ်၌(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်သဝဏ်လွှာဖတ်ကြားပွဲအခမ်းအနားနှင့်ဆုပေးပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘီးလင်းမြို့နယ်၌(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်သဝဏ်လွှာဖတ်ကြားပွဲအခမ်းအနားနှင့်ဆုပေးပွဲအခမ်းအနားကျင်းပ





MNP  -  ဇန်နဝါရီ ၄

    မွန်​ပြည်နယ်၊ဘီးလင်းမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေး နေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားပွဲ အခမ်းအနားကို ဇန်နဝါရီ(၄) ရက် နံနက်(၇)နာရီအချိန်က ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနရုံး ၌ကျင်းပပြုလုပ်ခဲ့သည်။


  အဆိုပါအခမ်းအနားတွင် နိုင်ငံတော်‌စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသ‌ရေစည်သူ သတိုး သီရိသုဓမ္မ မင်းအောင်လှိုင် ထံမှ ပေးပို့သည့် (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့သဝဏ်လွှာကို ဘီးလင်းမြို့နယ်  စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးစည်သူ​အောင်က ဖတ်ကြားခဲ့သည်။


     ယင်းနောက်(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဌာနပေါင်းစုံ အားကစားပြိုင်ပွဲများတွင် အားကစားနည်းအလိုက် ထူးချွန် ဆု ရရှိသူများအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များက ဆုများပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။


ထူးနောင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)