ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်ရှိ အခြေခံပညာမူလတန်းကျောင်း အ.မ.က(၆)တွင် ပညာရေးစုံညီပွဲတော်နှင့်ဆုပေးပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်ရှိ အခြေခံပညာမူလတန်းကျောင်း အ.မ.က(၆)တွင် ပညာရေးစုံညီပွဲတော်နှင့်ဆုပေးပွဲအခမ်းအနားကျင်းပ


MNP -  ဇန်နဝါရီလ ၁၄

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ခုနှစ် ပညာရေးစုံညီပွဲတော်နှင့်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီ အချိန်က နမ့်ဆန်မြို့ အခြေခံပညာမူလတန်းကျောင်း အ.မ.က(၆)တွင် ကျင်းပခဲ့ကြောင်း သိရသည်။


အခန်းအနားတွင် ကျောင်းသာ/ကျောင်းသူများမှ “ကြိုဆိုပါသည်စုံညီပွဲတော်” သီချင်းဖြင့် စတင်ဖွင့်လှစ်သီဆိုပြီး၊ ပညာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျမှူးမှ အမှာစကားပြောကြားခဲ့ရာ ကြွရောက်လာကြသော ဒေသအာဏာပိုင်များ၊ ကျောင်းအုပ်ဆရာ/ ဆရာမကြီးများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/ ကျောင်းသူများကို ကြိုဆိုပါကြောင်း၊  “ပညာရွှေအိုး လူမခိုး” စကာပုံအတိုင်း ပညာသည် အလွန်တန်ဖိုးရှိကြောင်း၊ မူလတန်းကျောင်းသည် ကလေးသူငယ်များကို သင်ကြားပေးသည့်ကျောင်းဖြစ်သည့်အတွက် တာဝန်ထမ်းဆောင်လျက်ရှိသော ကျောင်းဆရာ/ ဆရာမတို့သည် ကလေးသူငယ်များအပေါ်  ချစ်ချစ်ခင်ခင် သင်ကြားပေးစေလိုကြောင်း၊ ကျောင်းသားမိဘများအနေဖြင့် မိမိသားငယ်သမီးငယ်များ ပညာတက်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီပေးစေလိုကြောင်း ပြောကြားခဲ့ပြီး၊ အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်ဌေးမှ ကျောင်းကိစ္စ အဝဝရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ဆုရှိသောကျောင်းသား ကျောင်းသူများအား ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြပြီး၊ ကျောင်းသား/ ကျောင်းသူများမှ အကပဒေသာများဖြင့် ကပြဖျော်ဖြေတင်ဆက်ပေးကြောင်း သိရသည်။


အဆိုပါအခမ်းအနားသို့ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာ/ ဆရာမကြီးများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ကြွရောက်လာကြသော ဧည့်သည်တော်များအား နေ့လည်စာအဖြစ် ကြာဇံဟင်းခါး တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)