ရန်ကုန်ပညာရေးတက္ကသိုလ်တွင် မြေငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်ပညာရေးတက္ကသိုလ်တွင် မြေငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ဆောင်ရွက်




MNP  -   ဒီဇင်ဘာ   ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hug Centre ၌ ယမန်နေ့နံနက် ၀၉:၀၀ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြေငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်ခြင်းကို ပြုလုပ်ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးဦးအောင်ဝင်းသိန်း၊ တိုင်းရင်းသားရေးရာဝန်ကြီးဦးစောဂျက်ကော့ထူး၊ ရန်ကုန်ပညာရေးတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာကေသွယ်လှိုင်၊ တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရန်ကုန်ပညာရေးတက္ကသိုလ်ပါမောက္ခနှင့်ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ NGO၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်။


ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးမှအဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်ပညာရေးတက္ကသိုလ်ပါမောက္ခချုပ်ကကျေးဇူးတင်စကားပြောကြားခြင်းနှင့် တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တိုင်းဦးစီးမှူးကမြေငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်ခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြကာစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။


ထို့နောက်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် တက္ကသိုလ်ဝင်းရှေ့၌ပါဝင်သောလုပ်ငန်းအဖွဲ့များက မိမိတို့၏သက်ဆိုင်ရာကဏ္ဍအလိုက်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းအားပြသဆောင်ရွက်နေမှုကိုကြည့်ရှုကြပြီး တိုင်းဦးမှူးကလေ့ကျင့်နေမှုနှင့်ပက်သက်၍ ပြန်လည်သုံးသပ်​ပေးခဲ့ကြောင်းသိရှိရပါသည်။


စိမ်းလဲ့

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)