ဘုရားပွဲတော် ကာလအတွင်း ရွှေစက်တော်မန်းချောင်း အပန်းဖြေ ဆင်စခန်းမှ ဆင်လိမ္မာလေးများ၏ ကပြဖျော်ဖြေ ဧည့်ခံသည့်အစီအစဉ်များဖြင့် ဝန်ဆောင်မှုပေးထား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘုရားပွဲတော် ကာလအတွင်း ရွှေစက်တော်မန်းချောင်း အပန်းဖြေ ဆင်စခန်းမှ ဆင်လိမ္မာလေးများ၏ ကပြဖျော်ဖြေ ဧည့်ခံသည့်အစီအစဉ်များဖြင့် ဝန်ဆောင်မှုပေးထား





MNP   -   ဇန်နဝါရီ  ၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် မင်းဘူး(စကု)မြို့နယ် ရွှေစက်တော် မန်းချောင်း အပန်းဖြေဆင်စခန်းတွင် ယခုနှစ် ထူးခြားမှု တစ်ရပ်အနေနဲ့ ဆင်လိမ္မာလေးများ၏ ကပြဖျော်ဖြေ ဧည့်ခံသည့် အစီအစဉ်များဖြင့် ဆင်စခန်းတွင် လာရောက်အပန်းဖြေ ကြည့်ရှုကြသည့် ဧည့်ပရိတ်သတ်များအား ဝန်ဆောင်မှု ပေးသွားမှာဖြစ်ကြောင်း ရွှေစက်တော်  မန်းချောင်းအပန်းဖြေ ဆင်စခန်းတာဝန်ခံ လက်ထောက် မန်နေဂျာ ဦးထက်နိုင်အောင်ထံမှ သိရသည်။


ဆင်လိမ္မာလေးများက သစ်ဆွဲပြခြင်း၊ လမ်းလျှောက်ပြခြင်း၊ ထီးဆောင်းခြင်း၊ ဦးထုပ်ဆောင်းခြင်း၊ ကပြခြင်းစသော သရုပ်ပြ ကပြခြင်များနှင့် ဆင်စခန်းအား လာရောက် အပန်းဖြေကြသော ခရီးသွားပြည်သူများ စိတ်ကြည်လင်၍ အေးချမ်းမှုရှိစေရန် ပန်းအလှပင်များ စိုက်ပျိုးထားခြင်း၊ ရေချိုးပြီး ယာယီနားခိုနိုင်ရန် ယာယီတည်းကျောင်း ၁၅ လုံးဆောက်လုပ် ထားခြင်း၊ ရှုခင်များအား ကြည့်ရှုနိုင်ရန်နှင့် အလှဓာတ်ပုံများ ရိုက်ရန် ဝါးတံတား ဆောက်လုပ်ထားခြင်းဖြင့် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ထားသည်။


ဆင်စခန်းကို နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်ထားရှိပြီး မည်သူမဆို အပန်းဖြေ ကြည့်ရှုလေ့လာနိုင်ကာ ဝင်ကြေးများအဖြစ် ပြည်တွင်း ခရီးသွားတစ်ဦးလျှင် တစ်ထောင်ကျပ်နှင့် နိုင်ငံခြားသား ခရီးသွားဧည့်သည် တစ်ဦးလျှင် တစ်သောင်းကျပ် ကောက်ခံလျက်ရှိပြီး ရပ်ဝေးမှလာ ရောက်သူများ ညအိပ်တည်းခိုလိုပါက တည်းခိုဆောင် (၁၁) လုံးရှိပြီး တစ်ခန်းလျှင် ၃၀၀၀၀ ကျပ်နှုန်းဖြင့် တည်းခိုနိုင်ကြောင်းလည်း သိရသည်။


ရွှေစက်တော် မန်းချောင်းအပန်းဖြေ ဆင်စခန်းကို ပဒေါင်း ပျော်ဘွယ် ကားလမ်းဘေးတွင် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလက မြန်မာ့သစ်လုပ်ငန်း မင်းဘူးသစ်ထုတ်ရေးဒေသ ဆင်ထိန်း သိမ်းစောင့်ရှောက်ရေး အခြေပြုလုပ်ငန်းမှ ပြည်တွင်းပြည်ပ  ခရီးသွားများကို ဆွဲဆောင်နိုင်စေရန်နှင့် ခရီးသွားဝန်ဆောင် မှု လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ ခြင်းဖြစ်သည့်အတွက် ရပ်နီးရပ်ဝေးမှ ခရီးသွားပြည်သူများ တန်ခိုးကြီးသော ‌မန်းရွှေစက်တော်ပါဒ စေတီတော်များအား ဘုရားဖူးရင်း ကြည်လင်အေးမြလှသော မျက်စိပသာဒများနှင့် စိမ်းစိုလန်းဆန်းနေသော တောတောင်ရေမြေ သဘာဝအလှ ရှုခင်များကို ဆင်စီး၍အပန်းဖြေလိုပါက အေးချမ်း၍ သာယာလှပသော ရှုခင်များရှိသည့် ရွှေစက်တော်မန်းချောင်း အပန်း ဖြေဆင်စခန်းမှ ဖိတ်ခေါ်လိုက်ရပါတော့သည်။


ဇေယျာထက်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)