အမ်းမြို့နယ် အမျိုး သမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ် အမျိုး သမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲကျင်းပ







MNP - ဇန်နဝါရီ ၅ 

ရခိုင်ပြည်နယ်၊အမ်းခရိုင်၊အမ်းမြို့နယ် အ မျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်း ကျောင်းတွင် အသိပ ညာပေးဟောပြောပွဲကို ယနေ့နံနက် ၉နာရီအချိန်က ကျင်းပပြုလုပ်သည်။


ဟောပြောပွဲကို မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးမင်းထက် ဦးဆောင်၍ သင်တန်းသူများ အ တတ်ပညာများအပြင် အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ကျင်းပခဲ့သည်။


 အခမ်းအနားတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေအေးက အဖွင့်အမှာစကားပြောကြားပြီး လူကုန်ကူးမှုတားဆီးကာ ကွယ်ရေးရဲတပ်ဖွဲ့မှဒုရဲမှူး တင်ထွန်းမင်းက လူကုန်ကူးမှုတား ဆီးကာကွယ်ရေး အသိပညာပေးအကြောင်းအရာများဟောပြောပြီး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊အမှတ်(၂၁)ယာဉ် ထိန်းရဲတပ်ဖွဲ့စု၊ အမ်း ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်မှ တပ်ဖွဲ့စိတ်မှူးဒုရဲအုပ် သန့်ဇင်ဦး က ယာဉ်   စည်းကမ်း လမ်းစည်းကမ်းသိကောင်စရာအကြောင်း၊ မြို့ နယ်ဆေးရုံအုပ် ဒေါက်တာအောင်ကျော်မိုး က ကျန်းမာ ရေး အသိပညာပေးနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇော်လင်းထွန်း က မီးဘေးအန္တရာယ်ဆိုင်ရာကြိုတင်အသိ ပညာပေးအကြောင်း အရာများကို ဟော ပြောဆွေးနွေးကြခဲ့သည်။


ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဟောပြောပွဲသို့တက်ရောက်သည့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်သူများအားမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြသခြင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)