သံတောင်ကြီးမြို့နယ် ကလေခိုအထက်ကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်းဆောင်ရွက်မှု (၈၀) ရာခိုင်နှုန်းပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတောင်ကြီးမြို့နယ် ကလေခိုအထက်ကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်းဆောင်ရွက်မှု (၈၀) ရာခိုင်နှုန်းပြီးစီး



MNP  -   ဇန်နဝါရီ  ၃၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  သံတောင်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုး၏ ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်နေသည့် ကလေခိုအထက်ကျေးရွာသို့ ယမန်နေ့ နေ့လယ်(၂)နာရီအချိန်က ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးအရာရှိ ဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများက ကွင်းဆင်းကာ လိုအပ်သည်များပေါင်းစပ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


အဆိုပါ ပြည်နယ်အစိုးရ၏ ခွင့်ပြုရန်ပုံငွေကျပ် (၁၀၉.၉၆) သန်းဖြင့် Cutting  ကျောက်ရောမြေ အမျိုးအစားမြေသားကုန်ထုတ်လမ်း(၂)မိုင် ဆောင်ရွက်နေသည့် ကလေခိုအထက်ကျေးရွာကို တင်ဒါအောင်မြင်သည့် Megagynamic ကုမ္မဏီမှ တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ပြီးနိုဝင်ဘာလ ဒုတိယပတ်တွင် လုပ်ငန်းဆောင်ရွက်မှု (၈၀) ရာခိုင်နှုန်းပြီးစီးပြီးဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး  ဦးဇော်မင်းဦးထံမှသိ ရသည်။


နော်နော်မူ

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)