မိုင်းယန်းမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းယန်းမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်လှစ်





MNP -  ဇန်နဝါရီ    ၃

မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့်ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး စတဲ့လုပ်ငန်းများကို သန္ဓေတပ်ဖွဲ့ဝင်များနှင့်အတူထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ အခမ်းအနားတွင် မိုင်းယန်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်က ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်များမှ ပြည်သူလူထုလူ့အသိုင်းအဝိုင်းများနှင့်ပူးပေါင်းပြီး တားဆီးကာကွယ်စောင့်ရှောက်ရန်ဆိုတဲ့ မွန်မြတ်မြင့်မားတဲ့ ရည်ရွယ်ချက်တွေနဲ့ ဆောင်ရွက်နေကြသူတွေဖြစ်ပါကြောင်း၊ ဒီသင်ခန်းစာကနေသင်ကြားပေးမယ့် မီးသတ်ပညာ၊ ရှာဖွေကယ်ဆယ်ရေးနှင့် အသက်ကယ်နည်းစနစ်များကို ကြိုးကြိုးစားစားလေ့လာသင်ယူမှတ်သားပြီး ရပ်ရွာနှင့်ပြည်သူတို့၏ အကျိုးစီးပွားကို အလေးထားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် တူညီဝတ်စုံများကို မိုင်းယန်းခရိုင် အုပ်ချုပ်ရေးမှူးဦးကျော်ဇင်နှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ရာ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ လက်ခံရယူခဲ့ကြောင်းသိရသည်။


အဆိုပါ သင်တန်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအသီးသီးတို့မှ ဖွဲ့စည်းထားသည့် အရန်မီးသတ်တပ်ဖွဲ့ဝင်(၅၀)ဦးခန့် တက်ရောက်ပြီး ရှာဖွေကယ်ဆယ်ရေးပညာရပ်၊ မီးသတ်ပညာရပ်၊ စစ်ရေးပြဘာသာရပ်များကို ဇန်နဝါရီ ၂ ရက်နေ့မှ ၂၇ ရက်နေ့ထိ စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ထွန်းထွန်းထူး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)