တာမွေမြို့နယ်တွင် ပထမအကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ခြင်း ပဋ္ဌာန်းသိမ်းအောင်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်တွင် ပထမအကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ခြင်း ပဋ္ဌာန်းသိမ်းအောင်ပွဲ အခမ်းအနားကျင်းပ







MNP  -  ဇန်နဝါရီ    ၇

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်း ဘေးဥပါဒ်အန္တရာယ် ရန်အသွယ်သွယ် အပေါင်းမှ ကင်းဝေးစေရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ စီစဉ်ကျင်းပသော ပထမအကြိမ်မြောက် အသံမစဲ မဟာ ပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ခြင်း ပဋ္ဌာန်းသိမ်းအောင်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေ မြို့နယ်ရှိ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးဝင်းအတွင်း၌ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ အခမ်းအနားသို့ ကြွရောက်လာကြသော ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိသတ်အပေါင်း တို့က နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ဧည့်ပရိသတ်အပေါင်းတို့က ပင့်သံဃာတော် အရှင်သူမြတ်များထံမှ သရဏဂုံ သုံးပါးနှင့်တကွ ငါးပါးသီလ ခံယူစောင့်တည်ခဲ့ကြသည်။ ထို့နောက် ပဋ္ဌာန်းတရား နာကြားရန် ဖိတ်ကြားထားသော နတ်ဗြဟ္မာများအား ပြန်လည်ပို့ဆောင်ခဲ့ကြပြီး ပဋ္ဌာန်းတရား ဒေသနာတော် ရွတ်ဖတ် ပူဇော်ခဲ့ကြသည့် ပင့်သံဃာတော်များအား နဝကမ္မဝတ္ထုငွေများနှင့် လှူဖွယ်ဝတ္ထုပစ္စည်း အစုစုတို့ကို ဆက်ကပ်လှူဒါန်း ခဲ့သည်။ ယင်းနောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး တက်ရောက်လာကြသော ဧည့် ပရိသတ်အပေါင်းတို့က ပင့်သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။


အခမ်းအနားသို့ သင်္ဃန်းကျွန်းခရိုင် ရဲတပ်ဖွဲ့မှူး အပါအဝင် ခရိုင်ရဲတပ်ဖွဲ့မှူးများ၊ တာမွေမြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာမွေမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးခင်မောင်ထွန်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ တပ်ဖွဲ့ဝင်များ၏ မိသားစုများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)