MNP - ဇန်နဝါရီ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်တားဆီးနိုင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ဝါတိုးရပ်ကွက်ကြီးအတွင်းရှိ မူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက ကျောင်းသား၊ ကျောင်းသူ လူငယ်များ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်သော အသိပညာဗဟုသုတများ သိရှိစေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးအမျိုးအစားများနှင့် မူးယစ်ဆေးဝါးသုံးစွဲသူများ၏ ဆိုးကျိုးများကို ပညာပေးရှင်းလင်းပြောကြားပြီး ကျောင်းသား၊ ကျောင်းသူ လူငယ်များအား မူးယစ်ဆေးဝါးအမျိုးအစားနှင့် ဆိုးကျိုးများအား ဉာဏ်စမ်းမေးဖြေဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဝါတိုးမူလတန်းလွန်ကျောင်း၊ ကျောင်းသား၊ ကျောင်းသူများအား ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြသထားသည့် မူးယစ်ဆေးဝါးအမျိုးအစားများသိရှိစေရန် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ပညာပေးနံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို လေ့လာကြည့်ရှုမှတ်သားခဲ့ကြကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်၌ အောင်မင်္ဂလာရပ်ကွက်အတွင်းရှိ မူလတန်းကျောင်းတွင် မူးယစ်အန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနှင့် နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူ လူငယ်များ စိတ်ဝင်တစားလေ့လာကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။
ဇော်ဝင်းအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment