တောင်ကုတ်မြို့နယ်၌ လူဦးရေစာရင်းများ မှန်ကန်ရေး မြေပြင်ကွင်းဆင်း လူဦးရေစာရင်းကောက်ယူရေးအဖွဲ့များက စာရင်းများ စတင်ကောက်ယူလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့နယ်၌ လူဦးရေစာရင်းများ မှန်ကန်ရေး မြေပြင်ကွင်းဆင်း လူဦးရေစာရင်းကောက်ယူရေးအဖွဲ့များက စာရင်းများ စတင်ကောက်ယူလျက်ရှိ




MNP  -   ဇန်နဝါရီ ၉ 

  ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် လူဦးရေစာရင်းများ မှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်း လူဦးရေစာရင်းကောက်ယူရေးလုပ်ငန်းများကို ယနေ့နံနက်( ၈ )နာရီအချိန်မှစတင်၍ စာရင်းကောက်ယူရေးအဖွဲ့(၈၇)ဖွဲ့ဖြင့် တစ်အိမ်တက်ဆင်း ကောက်ယူလျက်ရှိကြောင်း သိရသည်။


    ထိုသို့အိမ်ထောင်စုစာရင်းများ ကောက်ယူရာတွင် Serverအတွင်းရှိ အိမ်ထောင်စုစာရင်းများတွင် မှတ်ပုံတင်နံပါတ်နှင့် အချက်အလက်များ ပြည့်စုံမှန်ကန်ရေး ဖြည့်သွင်းခြင်း၊ နိုင်-၄ မှတ်တမ်းများ ဖြည့်စုံမှန်ကန်ရေး စီစစ်ဖြည့်သွင်းခြင်း၊ အခြားမြို့နယ်အိမ်ထောင်စုစာရင်း ကိုင်ဆောင်သူများနှင့် မည်သည့်အိမ်ထောင်စုစာရင်းမျှမရှိသူ ရွေ့ပြောင်း၊ ပျံကျများအား အိမ်ထောင်စု(အလွတ်)ဖြင့် ကောက်ယူခြင်း၊ မသန်စွမ်း(၅)မျိုးစာရင်း စနစ်တကျ ကောက်ယူခြင်းများကို ဆောင်ရွက်လျက်ရှိသည်။


  အဆိုပါစာရင်းကောက်ယူရာတွင် အဆင်ပြေစေရန်အတွက် ခရိုင်Working Group မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဌခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦကျော်မြင့်လှိုင်နှင့် ခရိုင်‌ကြီးကြပ်ရေးကော်မတီအတွင်းရေးမှူး ခရိုင်လဝကဦးစီးမှူး ဦးရည်သန့်၊ မြို့နယ်Working Group မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဇာနည်တိုးနှင့် မြို့နယ်ကြီးကြပ်ရေးကော်မတီအတွင်းရေးမှူး မြို့နယ်လဝကဦးစီးမှူး ဦးအောင်ကျော်မိုးနှင့် ကြီးကြပ်ရေး‌ကော်မတီအဖွဲ့ဝင်များက လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှုင်းပေါင်းစပ်ပေးခဲ့သည်။


တောင်ကုတ်မြို့နယ်တွင်၊ ရပ်ကွက်(၁၄)ရပ်ကွက်၊ ကျေးရွာအုပ်စု(၅၂)အုပ်စုတွင် ကွင်းဆင်းစာရင်းကောက်အဖွဲ့ပေါင်း(၈၇)ဖွဲ့ဖြင့် ဇန်နဝါရီ ၉ ရက်နေ့မှ ၃၁ ရက်နေ့ထိ စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၊ ခရိုင်ဦးစီးမှူး ဦးရည်သန့် ထံမှသိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)