အမ်းမြို့၌(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြပွဲပြခန်းများနှင့်သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့၌(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြပွဲပြခန်းများနှင့်သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ




MNP  -   ဇန်နဝါရီ ၃

 ရခိုင်ပြည်နယ် ၊ အမ်းခရိုင် ၊ အမ်းမြို့၌(၇၅)နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နံရံကပ်စာ စောင်ပြပွဲ စာအုပ်စာ​စောင်ပြပွဲကို မြို့နယ်ရုံးစာကြည့်တိုက်၌ကျင်းပပြီး ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန ကထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို မြို့နယ်ရုံးဝန်ထမ်းများက ယနေ့ မွန်းလွဲပိုင်းတွင် အမှတ် (၁)အခြေခံပညာအ ထက်တန်းကျောင်းများ၌ ဖြန့်ဝေ​​ပေးခဲ့သည်။


 အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အမျိုး သား ရေးဦးတည်ချက်(၅)ရပ် ၊ ဗိုလ်ချုပ်အောင်ဆန်း ၏ ၁၉၄၇ ခုနှစ်၊ဇူလိုင်လ (၁၃)ရက်​နေ့ မြို့တော်ခန်းမ၌ကျင်းပပြုလုပ်သော ပြည်သူ့အစည်း အဝေးကြီးတွင် ပြောကြားခဲ့သည့် မိန့်ခွန်းကောက် နုတ်ချက်များ ၊နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ ၄-၁-၂၀၂၂ ရက်နေ့ (၇၄)နှစ် မြောက်လွတ်လပ်ရေးအခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာမှ ကောက်နုတ်ချက်များ ၊ လွတ်လပ် ရေးနေ့ ဂုဏ်ပြုကဗျာများ ၊ ဆောင်ပုဒ်များ ၊ ကာ တွန်းနှင့်စာညွန့်များ၊စည်းလုံးညီညွတ်မှုတည် ဆောက်ကြရန်အကြောင်အရာများပါရှိကြောင်း သိရသည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)