စဉ့်ကူးမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ




MNP  -   ဇန်နဝါရီ    ၂

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့၌ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင် များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီက စဉ့်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက် အခမဲ့ ဖြန့်ဝေပေးခဲ့သည်။


အဆိုပါသတင်းစကား လက်ကမ်းစာစောင်တွင် ၂၀၂၃  ခုနှစ်၊ (၇၅) နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်များ၊ စည်းလုံးညီညွတ်မှုကိုတည်ဆောက်၊ ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၇ ခုနှစ်၊ ဇူလိုင် ၁၃ ရက်နေ့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော ပြည်သူ့အစည်းအဝေးကြီးတွင် ပြောကြားသည့် မိန်ခွန်းကောက်နုတ်ချက်မှ လွတ်လပ်ရေး၊ စည်းလုံးညီညွတ်စွာ ဆက်လက် ထိန်းသိမ်း စောင့်ရှောက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၄-၁-၂၀၂၂ ရက်နေ့ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကောက်နုတ်ချက်မှ နိုင်ငံသားအားလုံးတွင် အပြည့်အဝတာဝန်ရှိ မိန့်ခွန်း ကောက်နုတ်ချက် နှင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာ၊ ကာတွန်း၊ ဆောင်ပုဒ် စသည့် အကြောင်းအရာများ ပါဝင်သည်။


စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန အနေဖြင့် ကျောင်းသား/ကျောင်းသူများ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတများ ရရှိစေရန်၊ နေ့ထူးနေ့မြတ်များကို အစဉ်သတိရစေရန် အတွက် နေ့ထူးနေ့မြတ်များတွင် ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များအား အခမဲ့ ဖြန့်ဝေခြင်း၊ စာအုပ်စာစောင်များအား အခမဲ့ ငှားရမ်းပေးခြင်း၊ စာအုပ်ပြပွဲများပြသပေးခြင်း တို့အား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


တင်ဇာလွင်

https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)