ကလိန်အောင်မြို့အတွင်းရှိ အသက်(၅)နှစ်မှအသက်(၁၂)နှစ်အထိ အခြေခံပညာ‌ကျောင်းများက ကျောင်းသား၊ ကျောင်းသူ(၈၁၄)ဦးအား ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလိန်အောင်မြို့အတွင်းရှိ အသက်(၅)နှစ်မှအသက်(၁၂)နှစ်အထိ အခြေခံပညာ‌ကျောင်းများက ကျောင်းသား၊ ကျောင်းသူ(၈၁၄)ဦးအား ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေး




MNP  -   ဇန်နဝါရီ  ၁၉

''ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုး နှံကြပါစို့'' ဆိုသည့်ဆောင်ပုဒ်အတိုင်း နိုင်ငံတော်မှအသက်(၅)နှစ်မှ (၁၂)နှစ်အထိ အခြေခံပညာ‌ကျောင်းများက ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက်(၉)နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ အခြေခံပညာအထက်‌တန်းကျောင်း ၌ ကိုဗစ်-၁၉ ရောဂါထပ်‌ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံပေးခဲ့ကြောင်း သိရသည်။


ထို့နောက် ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံပေးခြင်းကို ကျန်းမာရေးဆရာမဒေါ်‌မေပြည့်စုံဦး နှင့် ကျန်းမာရေးဝန်ထမ်းများကထိုးနှံပေးခြင်းဖြစ်ပြီး ကလိန်အောင်မြို့  အ-ထ-က ကျောင်းဝင်အတွင်း၌ အခြေခံပညာကျောင်း‌‌(၁၃)ကျောင်းမှ မူလတန်း၊ အလယ်တန်းကျောင်းသား ၊ကျောင်းသူများအား ကာကွယ်ဆေးမထိုးနှံမီ ကာကွယ်ဆေးလာရောက်ထိုးနှံကြသည့် ကျောင်းသား၊ ကျောင်းသူများကို သတ်မှတ်ပုံစံတွင်စာရင်းရေးသွင်းပြီး မိဘအုပ်ထိန်းသူများ၏သဘောဆန္ဒကိုရယူကာ ကိုဗစ်၁၉ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ  ကျောင်းသား  ၊ကျောင်းသူ  စုစုပေါင်း (၈၁၄)ဦးခန့်ကို ထိုးနှံပေးခဲ့ကြောင်းသိရသည်။ 


အဆိုပါ ကိုဗစ်-၁၉ ‌ရောဂါထပ်‌ဆောင်းကာကွယ်ဆေး(Booster Dose)ထိုးနှံပေးခြင်းကို  မြို့အုပ်ချုပ်ရေးမှူးအဖွဲ့ဦး‌ဆောင်၍ကျန်းမာရေးဝန်ထမ်းများနှင့်တာဝန်ရှိသူတို့ကသွားရောက်ကြည့်ရှု့ကာ လိုအပ်သည်များကူညီဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ကျန်ရှိသည့်အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား သက်မှတ်စုရပ်များတွင် သက်မှတ်ရက်အလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ခင်ခင်လဲ့

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)