ပန်းတောင်းမြို့နယ်တွင် ​ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းတောင်းမြို့နယ်တွင် ​ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု



MNP   -   ဇန်နဝါရီ ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ဒေသဖွံဖြိုးရေးလုပ်ငန်းများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်ဦးဆောင်သောအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသိန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့် မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါ၍ ပန်းတောင်းမြို့နယ်အတွင်း ရွာသာယာကျေးရွာအုပ်စု ဖိုးဦးတောင်ဘုရားမှ ရွာသာယာလမ်းပိုင်း၊ ဖို့မြေ၊ ဖြတ်မြေ၊ မြေနီခင်းခြင်းလုပ်ငန်း (၁၀၀%)ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


ဆက်လက်၍ ဒေါင်းမြတ်နားကျေးရွာအုပ်စု ဘရဏီအုတ်စက် စက်မှုစီးပွားမြေငှားဂရမ်လျှောက်ထားမှုအားလည်းကောင်း၊ တလုပ္ပင်ကျေးရွာအုပ်စု သနီဝကျေးရွာ အ.မ.က(ခွဲ)ကျောင်းဆောင်သစ်ဆောက်လုပ်နေမှုအားလည်းကောင်း၊ စက်မှုထမ်းဟောင်းအဖွဲ့မှ မြေငှားဂရန်ရရှိရေးလျှောက်ထားသည့် မင်းရပ်ရပ်ကွက် ကွင်းအမှတ်(၈၅) ဝန်လိုကွင်းမြေကွက်အမှတ်(၁၁၇၁)၊ ဧရိယာ(၀.၀၆၈)ဧက မြေနေရာအားကြည့်ရှုစစ်ဆေးကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က လိုအပ်သည်များကိုမှာကြားခဲ့ကြောင်း သိရသည်။


သင်းသင်းအေး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)