ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကဗျာရွတ်ဆိုပြိုင်ပွဲ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကဗျာရွတ်ဆိုပြိုင်ပွဲ ဆောင်ရွက်


MNP   -   ဇန်နဝါရီလ ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင်  ကဗျာရွတ်ဆို ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ(၁) နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


ရှေးဦးစွာ ပြိုင်ပွဲတွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး (တာဝန်ပေး) ဒေါ်ခင်ခင်လဲ့က အနာဂတ်အမျိုးဆက်သစ် ထွန်းတောက်ပလာမည့် ကျောင်းသူ/ ကျောင်းသားများအနေဖြင့် ကျောင်းသင်ခန်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရန် အတွေးအခေါ် ရင့်သန်လာစေရန်၊ စာပေအကျိုးကျေးဇူးများကို သိရှိစေရန် အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်၊ စာပေတန်ဖိုးကို သိရှိလေ့လာမှတ်သားတက်စေရန်နှင့် စာဖတ်ပရိတ်သတ်များ တိုးပွားလာစေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့် စာအုပ်စာပေချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန် စသည့် ရည်ရွယ်ချက်များကို ရှင်းလင်းခဲ့ပြီး ပြိုင်ပွဲကို အထက-ကလိန်အောင်ကျောင်းမှ ကျောင်းသားကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး အကောင်းဆုံး ပါဝင်ယှဉ်နိုင်သူများအား အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။


ခင်ခင်လဲ့

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)