တောင်ကုတ်မြို့၌ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များတွင် တရားမဝင်ဆေးဝါးများ ရောင်းချမှုရှိမရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့၌ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များတွင် တရားမဝင်ဆေးဝါးများ ရောင်းချမှုရှိမရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်






MNP  -  ဇန်နဝါရီ ၆

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့တွင် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ၌ DICLON-M ပုံစံတူဆေးဝါးများ ရောင်းချမှု ရှိ မရှိ စစ်ဆေးခြင်းကို ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့်ပူးပေါင်း အဖွဲ့ မှ ယနေ့နံနက်(၉)နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


ထိုသို့စစ်ဆေးရာတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာန ၊ ခရိုင်ဦးစီးမှူး ဦးမောင်ကျော်မြင့် ဦးဆောင် သော မြို့နယ်ကျန်းမာရေးဦးစီးဌာန ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့မှ ဆေးဆိုင်များတွင် DICLON-M Tablet(Diciofenac Sodium 50 mg, Paracetamol 500mg)သည် New Magnate Co-Ltd မှ ဆေးဝါးမှတ်ပုံ တင်၍ တင်သွင်းဖြန့်ဖြူးရောင်းချနေသော ဆေးဝါးဖြစ်ပြီး ဈေးကွက်အတွင်း ပုံစံတူဆေးဝါးများကို မှတ်ပုံတင် ထားခြင်းမရှိဘဲ တရားမဝင်တင်သွင်းရောင်းချနေကြသည့်အတွက်  သုံးစွဲသူပြည်သူများဘေးအန္တရာယ်ကင်း ရှင်းစေရန်ရည်ရွယ်၍ စစ်ဆေးခဲ့ခြင်းဖြစ်သည်။


အဆိုပါ ပူးပေါင်းအဖွဲ့အနေဖြင့် ဈေးကွက်အတွင်းရှိ အရောင်းဆိုင်များအား မှတ်ပုံတင်မဲ့ဆေးဝါးများ ၊ သက်ဆိုင်ရာဌာနများမှ တားမြစ်ထားသော ဆေးဝါးများ ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုမရှိစေရေး ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ၂./၂၀၁၉ ညွှန်ကြားချက်ပါ ဆေးဝါးနှင့်ဖြည့်စွက်စာများ တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ကိုက်ညီမှုရှိသော ဆေးဝါးနှင့်ပစ္စည်းများကိုသာ ဖြန့်ဖြူးရောင်းကြရေး အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)