MNP - ဇန်နဝါရီ ၁၉
ပျော်ဘွယ်မြို့နယ်တွင် စာပေဝါသနာရှင်များပြားလာစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေးတို့အတွက် အသိပညာပေးဟောပြောပွဲကျင်းပခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်ရုံး Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်ဝင်းဝင်းအေးက ငယ်ရွယ်စဉ်ကပင် စာပေလေ့လာဖတ်ရှုတတ်သည့် အလေ့အထများရရှိစေရေး၊ မိမိကိုယ်တိုင်သာမက မိမိတို့၏မိသားစုဝင်များကိုလည်း စာပေဖတ်ရှုတတ်သည့်အလေ့အထရရှိစေရန် တိုက်တွန်းနိုင်ရေး၊ မိမိနှင့်ကိုက်ညီသည့် စာပေအမျိုးအစားကို ရွေးချယ်ဖတ်ရှုတတ်စေရေးတို့ကို ရှင်းလင်းဟောပြောသည်။
ဆက်လက်၍ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက စာပေဖတ်ရှုခြင်းနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်ဝင်းဝင်းအေးက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်ရှိ စာအုပ်စာစောင်များကို လေ့လာကြည့်ရှုငှားရမ်းခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး
https://t.me/MyanmarNationalPost
No comments:
Post a Comment