မြောက်ဦးခရိုင်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ရှေ့တန်းအမှတ်(၅၅)၊ ခြေလျှင်တပ် မဌာနချုပ် ၊ တပ်မမှူး နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ လုပ် ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးခရိုင်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ရှေ့တန်းအမှတ်(၅၅)၊ ခြေလျှင်တပ် မဌာနချုပ် ၊ တပ်မမှူး နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ လုပ် ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ






MNP  -   ဇန်နဝါရီ  ၁၈

ရခိုင်ပြည်နယ် ၊ မြောက်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာန ဆိုင်ရာများမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်အထွထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြောက်ဦးခရိုင်  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို   ရှေ့တန်းအမှတ်(၅၅)၊ ခြေလျှင်တပ် မဌာနချုပ် ၊ တပ်မမှူး တက်ရောက်ပြီး မြောက်ဦးခရိုင် အတွင်းဒေသ  ဖွံ့ဖြိုးတိုးတက် ရေးအတွက် ကျန်းမာ ရေး၊ပညာရေး၊စီးပွားရေး၊လူမှုရေး စသောဂန္တဆိုင်ရာများ ဘက်စုံဖွံ့ဖြိုးတိုး တက်ရန်အတွက် ပူးပေါင်းလုပ်ဆောင်ကြရန်  အိမ်ထောင်စုစာရင်းကောက်ယူရာတွင် စာရင်း အမှန်ရရှိရေး၊ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုအမျိုးအစားအလိုက် ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် အမျိုးသားရေး တာဝန်တစ်ရပ်အနေ ဖြင့်ဆောင်ရွက်ကြရန်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနမှ မြေဂရံရရှိရေး လုပ်ထုံး လုပ်နည်းများနှင့်အညီဆောင်ရွက်ရန်၊ ဆိုင်ကယ် လိုင်စင်၊ ယဉ်မောင်းလိုင်စင် များအား မြို့နယ်အတွင်းကျန်ရှိသော ဆိုင်ကယ်များကို နောက်တစ်ကြိမ် လာရောက်လုပ်ပေးနိုင်ရန်အတွက် ပြည်နယ်အစိုးရကိုတင်ပြတောင်းခံရန်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို အများပြည်သူများသိရှိနိုင်ရန်အတွက် အသိပညာပေး လုပ်ငန်းများ လုပ်ဆောင်ကြရန်တို့ကိုပြော ကြားခဲ့ သည်။ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဌ ဦးကောင်းမြတ်နိုင် မှလည်း   မြောက်ဦး မြို့နယ် အ တွင်း အိမ်ထောင်စုစာရင်းကောက်ခံရာတွင် ကောက်ကွက် (၁၄၈) ကွက် ဖြင့်ကောက်ခံလျှက်ရှိပြီး ခရိုင်အတွင်းရှိ စာရင်းကောက် ယူအားနည်းသောမြို့ များကို အင်တိုက်အားတိုက် ကောက်ယူ ကြ ရန် နှင့် မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေး ကျောင်းသား/ ကျောင်းသူများ ဆေးထိုး နှံမှုအခြေအနေ တို့ကို ပြော ကြားခဲ့သည်။


ထို့နောက် ခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ဝင် ဒုတိယဗိုလ်မှူး ကြီးတင်ထူးလှိုင်မှလည်း ကျောင်းသား/ကျောင်းသူ များ အသက် အရွယ်အလိုက်ထိုးနှံပြီးစီးမှုအခြေအနေ နှင့် ဌာနဆိုင်ရာများ ပူးပေါင်းလုပ်ဆောင်ရာတွင် ယခုထက်ပိုမို အင်တိုက်အားတိုက်လုပ်ဆောင်ကြရန် တို့ကိုလည်းကောင်း ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဝင်ဒုတိယ ရဲမှူးကြီး ခင်မောင်စိုးက မြို့နယ်အတွင်းရှိ လမ်းစည်းကမ်းနှင့် ယာဉ်စည်း ကမ်းများ အသိပညာ ပေး ဆောင်ရွက်ထားရှိမှုအခြေအနေ နှင့် ကြက်ဈေးရပ်ကွက်တွင် မီးပွိုင့် ဆောင်ရွက်ပြီးစီး မှုအခြေအနေတို့ကို ပြောကြားခဲ့သည်။


 ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒေသကိုယ်စားလှယ် ဦးထွန်းကျော် မှလည်း (Working Group) မြေမြင်ကွင်း ဆင်းစာရင်း ကောက်ယူရာတွင် လူဦးရေစာရင်းတိကျမှန်ကန်စေရန် ဆောင်ရွက်လျှက်ရှိသည်တို့ကို ပြောကြား ခဲ့သည်။ထို့နောက် ခရိုင်မီးသတ်ဦးစီးမှူးမှလည်း  ပွင့်လန်း ရာသို့  ရောက်ပြီလာဖြစ်ရာ မီးဘေး အန္တရာယ် ကြိုတင်ကာ ကွယ်ရေး အတွက်ဆက်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်လျက် ရှိကြောင်း နှင့် ခရိုင်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဦးစီးဌာန ခရိုင်ဦးစီးမှူး မှလည်း မြေပြင်ကွင်းဆင်းကောက် ယူမှုအခြေအနေ နှင့် မြို့နယ်အလိုက် ကွင်းဆင်းကောက်ယူရာတွင် (၇၅) ရာခိုင်နှုန်းပြီးစီး နိုင်ရန်အတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းလုပ်ဆောင်လျှက်ရှိ သည်တို့ကို ပြောကြား ခဲ့သည်။


ဆက်လက်၍ ရှေ့တန်းအမှတ်(၅၅)၊ခြေလျှင်တပ်မဌာ နချုပ် ၊ တပ်မမှူးမှ ဌာနဆိုင်ရာ အချင်းချင်းပူးပေါင်းဆောင်ရွက်ကြရန်နှင့်မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုး ရေး လုပ်ငန်း များ ကိုတိုး တက်အောင်မြင်အောင်လုပ်ဆောင်ကြရန်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာ များမှ လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအပေါ်အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။


မြင့်စိုး ၊ စိုးငြိမ်းနိုင် 

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)