နှစ်သစ်ကူးရုံးပိတ်ရက်တွင် ပခုက္ကူမြို့ရှိ အထင်ကရနေရာများ၌ အလည်အပတ်လာရောက်အပန်းဖြေသူ များပြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နှစ်သစ်ကူးရုံးပိတ်ရက်တွင် ပခုက္ကူမြို့ရှိ အထင်ကရနေရာများ၌ အလည်အပတ်လာရောက်အပန်းဖြေသူ များပြား



MNP  -   ဇန်နဝါရီ ၂

၂၀၂၃ခုနှစ်၊နှစ်သစ်ကူးရုံးပိတ်ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိအထင်ကရနေရာများ၌ ယမန်‌နေ့ နံနက်ပိုင်းက အလည်အပတ်လာရောက်အပန်းဖြေသူ များပြားလျက်ရှိသည်။


ပခုက္ကူမြို့သည် ဗုဒ္ဓဘာသာသာသနာထွန်းကားရာ မြို့တစ်မြို့ဖြစ်သည်နှင့်အညီ သီဟိုဠ်ရှင်မြတ်စွာဘုရား၊ ရွှေကူမြတ်စွာဘုရား၊ ဖောင်တော်ဦးဘုရား၊ ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးစသည့် ရှေးဟောင်းသမိုင်းဝင်တန်ခိုးကြီးဘုရား၊ စေတီတော်မြတ်ကြီးများတည်ရှိရာ မြို့လည်းဖြစ်သောကြောင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများနှင့် ဒေသခံပြည်သူများအနေဖြင့် နှစ်သစ်ကူးရုံးပိတ်ရက်နေ့ရောက်တိုင်း ဘုရား၊ စေတီတော်မြတ်ကြီးများရှိ ဗုဒ္ဓရုပ်ပွားတော်များရေသပ္ပာယ်ခြင်း၊ ပန်း၊ ဆီမီး၊ အမွေးနံ့သာများထွန်းညှိ ကပ်လှူပူဇော်ခြင်း၊ ဥပုဒ်သီလဆောက်တည်ခြင်းတို့ဖြင့် ကုသိုလ်ယူကြသူများ၊ မြန်မာနိုင်ငံ၏အရှည်ဆုံး တံတားဖြစ်သည့် ဧရာဝတီတံတား(ပခုက္ကူ)နှင့် မြကန်သာပန်းခြံတို့တွင် အလည်အပတ်သွားရောက်အပန်းဖြေသူများ၊ အလှ ဓာတ်ပုံရိုက်ကူးများ၊ စိတ်နှလုံးအေးချမ်းပျော်ရွှင်စေရေး ၂၀၂၃ခုနှစ်အတွက် နှစ်သစ်ကူးမင်္ဂလာဆုတောင်းသူများဖြင့် အများအပြား ရှိသည်ကို တွေ့ရသည်။


ထို့အပြင် ပခုက္ကူမြို့၊ ဘုန်းတော်ကြီးကျောင်း၊ စာသင်တိုက်များရှိ ဆရာတော်သံဃာတော်ကြီးများထံ ဥပုသ်သီလတရားနာယူသူများ၊ ဘုရားပန်းများ လှဲလှယ်သူများနှင့် သစ်သီးဆွမ်းများ ဆက်ကပ်လှူဒါန်းသူများ၊ ဘုရားဝန်းအတွင်း ရောင်းချသည့် စားစရာမုန့်ပဲသရေစာများ ဝယ်ယူစားသောက်အပန်းဖြေကြသူများ၊ အမှတ်တရအင်္ကျီနှင့် ပစ္စည်းဝယ်ယူသူများ၊ ဧရာဝတီမြစ် ကမ်းနံဘေးရှိ ငါးအစာ​ကျွေးသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။


ဘာမီသာ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)