အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် သြဝါဒါစရိယဆရာတော်ကြီးများထံမှ သြဝါဒခံယူပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် သြဝါဒါစရိယဆရာတော်ကြီးများထံမှ သြဝါဒခံယူပွဲ ကျင်းပ


MNP  -  ဇန်နဝါရီ ၉

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် သြဝါဒါစရိယဆရာတော်ကြီးများထံမှ သြဝါဒခံယူပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဘာဝနာမဟာသဘာ တရားထိုင်ခန်းမ၌ ကျင်းပသည်။


အခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် သြဝါဒါစရိယအဖွဲ့ ဥက္ကဋ္ဌ၊ တက္ကသိုလ်အဓိပတိ၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသနှင့် တက္ကသိုလ်သြဝါဒါစရိယအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ တက္ကသိုလ်ဒုတိယအဓိပတိ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသော ဩဝါဒါစရိယအဖွဲ့ဝင်ဆရာတော်ကြီးများ၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ကောင်စီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ တက္ကသိုလ်ကောင်စီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


အစီအစဉ်အရ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးကိုကိုက နိုင်ငံတော်အစိုးရသည် စစ်မှန်သော ထေရဝါဒဗုဒ္ဓသာသနာတော် ကမ္ဘာတစ်ဝန်းလုံးတွင် ပြန့်ပွားစေရန် သင်္ဂါယနာခြောက်တန်တင် ထေရဝါဒပိဋကတ်စာပေ များကို မူရင်းအတိုင်းလေ့လာသင်ယူခွင့်ရရှိပြီး လိုက်နာကျင့်သုံးနိုင် စေရန် ရည်မှန်းချက်ဖြင့် ပြည်တွင်းပြည်ပမှ ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်များကို ဤတက္ကသိုလ်ကြီးတွင် အခမဲ့လေ့လာသင်ယူစေလျက်ရှိ ကြောင်းနှင့် တက္ကသိုလ်အတွက်လိုအပ်သည့် သင်ကြားရေးရာ၊ စီမံရေးရာကိစ္စရပ်များကို တက္ကသိုလ်ဩဝါဒါစရိယအဖွဲ့ ဆရာတော်ကြီးများက လိုအပ်သလို ဩဝါဒများ ချီးမြှင့်ပေးတော်မူပါရန် လျှောက်ထား သည်။


ထို့နောက် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် သြဝါဒါစရိယ အဖွဲ့ဥက္ကဋ္ဌ၊ တက္ကသိုလ်အဓိပတိ၊ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်၊ ဒုတိယဥက္ကဋ္ဌ၊ တက္ကသိုလ် ဒုတိယ အဓိပတိ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော်နှင့် တက္ကသိုလ်သြဝါဒါစရိယအဖွဲ့ဝင် ဆရာတော်ကြီးများက သြဝါဒကထာများ မြွက်ကြားချီးမြှင့်တော်မူကြသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ကြွရောက်တော်မူလာကြသော အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ် သြဝါဒါစရိယ ဆရာတော်ကြီးများကို နဝကမ္မနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ သြဝါဒါစရိယအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ တက္ကသိုလ် ဒုတိယအဓိပတိ၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော်ထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေကြကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)