သံတွဲခရိုင် ငပလီမြို့၌ နံရံကပ်စာစောင်ပြပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲခရိုင် ငပလီမြို့၌ နံရံကပ်စာစောင်ပြပွဲကျင်းပ




MNP  -  ဇန်နဝါရီ  ၁၃

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့ရုံးတွင် ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို သိရှိ​စေရန်အတွက် အလုပ်ခေါ်ကြော်ငြာစာများကို နံရံကပ်ပြဘုတ်တွင်ယနေ့ နံနက် ၁၁ နာရီအချိန်က ငပလီမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငပလီမြို့ရုံး၌ ပြသခဲ့သည်။


ထိုသို့ အသိပညာပေးလုပ်ငန်း ဆောင်ရွက်ရာတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး  ရံကပ်ကြော်ငြာစာနဲ့ပတ်သက်၍ ဘွဲ့ရရှိပြီး လုပ်ငန်းခွင်သို့ ဝင်ရောက်ရန်စောင့်နေသူများနှင့် တက္ကသိုလ်ဝင်အောင်မြင်ပြီးလုပ်ငန်းခွင်ဝင်ရောက်လိုသူများကို အခွင့်အလမ်းရရှိစေရန်ရည်ရွယ်၍ ယခုလိုကြော်ငြာဘုတ်များတွင်တစ်လလျှင် (၂)ကြိမ်ကြော်ငြာ စာကပ်သွားမည်ဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။


  အဆိုပါ လာရောက်ကြည့်ရှုကြသည့်လူငယ်များက ငပလီမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဝန်ထမ်းများ၏  အသိပညာပေးနံရံကပ်စာစောင်ပြသဆောင် ရွက်ပေးထားမှုများ ကို  စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)