ဘီးလင်းမြို့နယ်၊ပုညသုခိတာရုံ စာသင်တိုက်အတွင်းရှိ မဟာသန္တိသုခ ငြိမ်းချမ်းရေးမြို့ဦးစေတီတော်မြတ်အားထီးတော်တင်လှူပွဲနှင့် အနေကဇာတင်မင်္ဂလာအခမ်းအနားကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘီးလင်းမြို့နယ်၊ပုညသုခိတာရုံ စာသင်တိုက်အတွင်းရှိ မဟာသန္တိသုခ ငြိမ်းချမ်းရေးမြို့ဦးစေတီတော်မြတ်အားထီးတော်တင်လှူပွဲနှင့် အနေကဇာတင်မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်


MNP  -  ဇန်နဝါရီ ၅

   မွန်ပြည်နယ်၊  ဘီးလင်းမြို့နယ်၊   ဘုရင့်နောင်   ကွက်သစ်ရှိ   ပုညသုခိတာရုံ စာသင်တိုက် ဦးစီးပဓာန  နာယကဆရာတော်  ဒေါက်တာဘဒ္ဒန္တ ပညာသာမိ၏ ဦးဆောင်မှုဖြင့်   ကျောင်းတိုက်   အတွင်းတည်ထား ပူဇော်ထား ရှိသည့် မဟာ သန္တိသုခ ငြိမ်းချမ်းရေးမြို့ဦး စေတီတော်မြတ်အား  ဗုဒ္ဓါဘိသေကအနေကဇာ တင်ခြင်းနှင့် ရွှေထီးတော်မြတ်တင်လှူခြင်း၊ ကို ယနေ့နံနက်ပိုင်းက ကျင်းပ ပြုလုပ်ခဲ့ ကြောင်းသိရသည်။


 ရှေးဦးစွာ   ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်း  အစီအစဥ်ကို   နံနက်  ၅ နာရီ အချိန်တွင် စေတီတော်ပရဝဏ်အတွင်း ကျင်းပပြုလုပ်ပြီး နံနက် ၉နာရီ ၉မိနစ် အချိန်၌ ဆရာတော်၊သံဃာတော်များနှင့် တပည့်ဒါယိကာ၊ ဒါယိကာမများ အလှူရှင်များက ရွှေထီးတော်ဘုံအဆင့်ဆင့်အား  မင်္ဂလာရထားပျံဖြင့်စေတီ အထွဋ် အထိပ် သို့ တင်လှူပူဇော်ခဲ့ကြသည်။


  ဆက်လက်၍ မဂ်လာရွှေမိုး၊ ငွေမိုးများ  ရွာသွန်း ပေးခြင်းနှင့် ပင့်သံဃာတော် အပါး ( ၁၈၀) တို့အားဆွမ်းဆန်တော်နှင့် လှူဒါန်းဖွယ်ရာ ပစ္စည်းများလောင်းလှူ ပူဇော်ခြင်းတို့ကိုကျင်းပ ပြုလုပ်ခဲ့သည်။

  ထို့နောက် ထီးတော်တင်ပွဲသို့  ရပ်ဝေးရပ်နီးမှ ရောက်ရှိလာကြသော ပြည်သူ များအား စေတနာရှင်၊အလှူရှင်များကဒံပေါက်ထမင်း ၊မုန်ဟင်းခါး၊အကြော်စုံ၊ဆန်ခေါက်ဆွဲရေခဲမုန့်၊ ဖာလှုဒါ၊ကြာဇံချက်၊ထမင်းအဟာရ စတုဒိသာများကို ဧည့်ခံကျွေးမွေးခြင်းနှင့် မင်္ဂလာဆိုင်းဝိုင်းဖြင့်   ဧည့်ခံဖျော်ဖြေခြင်း အစီအစဥ် များ ပါဝင်ခဲ့ ကြောင်းသိရသည်။


ထူးနောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)