မိုးမိတ်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာမြင်းမိုရ်ခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးမိတ်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာမြင်းမိုရ်ခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပ




MNP  -   ဇန်နဝါရီ ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာမြင်းမိုရ်ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဘော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မိုးမိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းပီးက လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားရာတွင် လူငယ်လူရွယ်ချက်များ အသိပညာဗဟုသုတ တိုးပွားလာစေပြီး စာပေဖတ်ရှုပြီး စဉ်စားတွေးခေါ်မှုစွမ်းရည် တိုးတက်လာစေရေး၊ လူငယ်များအနေဖြင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် အစရှိသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပပြုလုပ်ရကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


ယင်းနောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပခဲ့ရာ ဦးဆောင်ဆွေးနွေးသူများအဖြစ် Grade (8) မှ မောင်သန့်နေသွေးက လူငယ်နှင့်ပညာရေး၊  မနှင်းအရုဏ်ဦးက လူငယ်နှင့်ကျန်းမာရေး၊ မမြတ်ဖူး ဝေလွင်က လူငယ်နှင့်ကြီးပွားရေး၊ မအေးမို့မို့စံက လူငယ်နှင့်အားကစား၊ မောင်ဘုန်းသန့်ဇင်က လူငယ် နှင့် စာဖတ်ခြင်းအကျိုးကျေးဇူး  စသည့်ခေါင်းစဉ် (၅)ခုဖြင့် ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည့် မေးမြန်းဆွေးနွေးချက်များကို  ဦးဆောင်ဆွေးနွေး သည့်သူများနှင့် တာဝန်ရှိသူများက  ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြကြောင်း သိရသည်။


ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဘော်က ဦးဆောင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများ ချီးမြှင့်ခြင်းနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဦးကျော်ဇောလွင်က အားကစားပစ္စည်း ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


စည်သူဌေး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)