ငါ့သရောက်မြို့တွင် ဇီးသီးစျေးကောင်၍ ဇီးသီးကောက်၍ရောင်းချသူများ ပုံမှန်ဝင်ငွေရရှိ ကာအဆင်ပြေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငါ့သရောက်မြို့တွင် ဇီးသီးစျေးကောင်၍ ဇီးသီးကောက်၍ရောင်းချသူများ ပုံမှန်ဝင်ငွေရရှိ ကာအဆင်ပြေ



MNP  -  ဇန်နဝါရီ ၂၃

မန္တလေးတိုင်းဒေသကြီး၊ ငါ့သရောက်မြို့တွင် ဇီးသီးစျေးကောင်၍ ဇီးသီးကောက်ယူရောင်းချသူများပုံမှန်ဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း တောင်တောကျေးရွာ ဇီးခြံပိုင် ရှင်ဦးထွန်းဦးထံမှသိရသည်။


ငါ့သရောက်မြို့ ၊ ကျေးရွာအများစုသည် ဇီးပင်များကိုမိမိတို့ယာမြေများ၏ ကန်သင်းရိုးများ၌ စိုက်ထားယုံသာမက အချို့မှာခြံများအဖြစ်စိုက်ပျိုးကြကြောင်းသိရသည်။ 


ဇီးပင်မှာနှစ်ရှည်ပင်ဖြစ်၍ စိုက်ပျိုးပြီးလေးနှစ်လောက်တွင် စတင်အသီးသီးပြီး ကောက်ယူရောင်းချနိုင်ကြောင်းသိရသည်။ ယခုနှစ်တွင် ဇီးသီးစျေးမှာ ယခင်နှစ်များမတူ စျေးနှုန်းမှာအထူးကောင်းမွန်လျက်ရှိပြီး ၊ ဇီးသီးအစိုတစ်တင်းလျှင် (၁၂၀၀၀) ကျပ်ရှိပြီး၊ ဇီးသီးအခြောက် တစ်တင်းလျှင် (၁၅၀၀၀)ကျပ်အထိ စျေးနှုန်းကောင်း မွန်းကြောင်းသိရသည်။ ဇီးသီးကောက်ယူရောင်းချသူများမှာ မိမိတို့ဇီးပင်မှ ကောက်ယူလာသောဇီးသီးများကို မိမိတို့အိမ်တွင်အခြောက်လှန်းထားကာ စုဆောင်းထားပြီး တင်းရေ ၂၀ မှ ၃၀ လောက်ရရှိသောအခါ ဇီးသီးပွဲစားများက အိမ်အထိလာရောက်ဝယ်ယူလျက်ရှိသည့်အတွက် ကောက်ယူရောင်းချ သူများမှာ ကားခသက်သာ၍ပိုမိုအဆင်ပြေလျက်ရှိကြောင်းသိရသည်။


 ငါ့သရောက်မြို့မှထွက်ရှိသောဇီးသီးများကို ကျောက်ပန်းတောင်း၊ ပခုက္ကူ၊ ညောင်ဦးမြို့များမှ ပွဲစားများကလာရောက်ဝယ်ယူလျက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)