မြန်အောင်တာမိုင် ၅/၆ အနီးမြစ်ကမ်းထိန်းလုပ်ငန်းများဆောင် ရွက်နေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်အောင်တာမိုင် ၅/၆ အနီးမြစ်ကမ်းထိန်းလုပ်ငန်းများဆောင် ရွက်နေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ကြည့်ရှုစစ်ဆေး




MNP  -   ဇန်နဝါရီ  ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက် မြန်အောင်တာမိုင် ၅/၆ အနီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ပြည်ထောင်စုရန်ပုံ ငွေကျပ် (၅၀၀)သန်းဖြင့် မြစ်ကမ်းထိန်း လုပ်ငန်းများဆောင်ရွက်နေမှုကို ယမန်နေ့ နံနက်က မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့်တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။


အဆိုပါ မြစ်ကမ်းထိန်းလုပ်ငန်းကို ဘိုးပိုင်အခြေပြုကျောက်စီနံရံနှင့်ရေထဲပိုင်း Geo bag ချခြင်းလုပ်ငန်း အလျား ၂၆၀ ပေ ၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေ ကျပ် (၅၀၀) သန်းဖြင့် လုပ်ငန်းသုံးပစ္စည်းတင်ဒါခေါ်ယူ၍ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဝင်းဗိုလ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)