ရသေ့တောင်မြို့ဒေသဖွံဖြိုးရေးလုပ်ငန်းများအတွက် ရှေ့တန်းအမှတ်(၂၂)၊ ခြေလျှင်တပ်မဌာနချုပ် ၊ ယာယီနည်းဗျူဟာမှူး နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့ဒေသဖွံဖြိုးရေးလုပ်ငန်းများအတွက် ရှေ့တန်းအမှတ်(၂၂)၊ ခြေလျှင်တပ်မဌာနချုပ် ၊ ယာယီနည်းဗျူဟာမှူး နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ



MNP  -   ဇန်နဝါရီ  ၁၉

ရခိုင်ပြည်နယ်  ရသေ့တောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၉နာရီကကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


ရှေးဦးစွာ ရသေ့တောင်မြို့‌နယ် ‌‌ဒေသဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို   ရှေ့တန်း အမှတ်(၂၂)၊ ခြေလျှင်တပ်မဌာနချုပ် ၊ ယာယီနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးသက်ထွေး တက်ရောက်ပြီး ရသေ့တောင်မြို့နယ်အတွင်းဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး စသောကဏ္ဍဆိုင်ရာများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရန်အတွက်ပူးပေါင်းလုပ်ဆောင်ကြရန်  အိမ်ထောင်စုစာရင်းကောက်ယူရာတွင် စာရင်းအမှန်ရရှိရေး၊ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုအမျိုးအစားအလိုက် ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့်  ဆောင်ရွက်ကြရန်၊မြို့နယ်စည်ပင်သာယာလှပရေးတွက် သက် ဆိုင်ရာဌာနဆိုင်ရာများမှ ပူပေါင်းပါဝင်ဆောင်ရွက်ကြရန်တို့ကိုမှာကြားခဲ့ပါသည်။


ယင်းနောက်မြို့ နယ်စီမံအုပ်ရေးကောင်းစီအဖွဲ့ဥက္ကဋ္ဌဦးနိုင်လင်းထက်မှ မြို့နယ်အတွင်းရှိ ကိုဗစ် -၁၉ ကာကွယ်ဆေး ကျောင်းသား/ ကျောင်းသူများ ဆေးထိုးနှံမှုအခြေအနေတို့ကိုပြောကြားခဲ့ပြီး ကျောင်းသား/ကျောင်းသူများ အသက်အရွယ်အလိုက်ထိုးနှံပြီးစီးမှုအခြေအနေနှင့် ဌာနဆိုင်ရာများပူးပေါင်းလုပ်ဆောင်ရာတွင် ယခုထက်ပိုမိုအင်တိုက်အားတိုက်လုပ်ဆောင်ကြရန် တို့ကိုလည်းပြောကြားခဲ့သည်။ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် လဝကဦးစီးမှူး ဦးရွှေသာမှလည်း (Working Group) မြေပြင်ကွင်းဆင်းကောက် ယူမှုအခြေအနေနှင့် ပတ်သက်၍ရှင်းလင်းပြောခဲ့သည်။


ယင်းနောက်ရှေ့တန်းအမှတ်(၂၂)၊ ခြေလျှင်တပ်မဌာနချုပ် ၊ ယာယီနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးမှ ဌာနဆိုက်ရာအချင်းချင်းပူးပေါင်းဆောင်ရွက်ကြရန်နှင့်မြို့နယ်အတွင်းရှိဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးတက်အောင်မြင်အောင်ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများမှလုပ်ငန်းများဆောက်ရွက်ထားရှိမှုအပေါ်အကြံပြုဆွေးနွေးခဲ့ကြောင်းသိရှိရသည်။


ထွန်းလင်းကျော်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)