မြဝတီမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ခရိုင်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲဆုချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြဝတီမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ခရိုင်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲဆုချီးမြှင့်


MNP  -   ဇန်နဝါရီ  ၄

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ခရိုင်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား၊ ကလပ်ပေါင်းစုံ (အမျိုးသား) အလွတ်တန်းဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီက ကရင်ပြည်နယ်၊ မြဝတီမြို့၊ မြို့မဘောလုံးကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ ဘောလုံးပြိုင်ပွဲကို ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့မှ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့အထိ ယှဉ်ပြိုင်ပွဲကစားခဲ့ကြပြီး ဗိုလ်လုပွဲစဉ်အနေဖြင့် Karen Unite အသင်းနှင့် Yuth Family အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ Youth Family အသင်းက Karen Unite အသင်းအား ၁ ဂိုး ၊ ဂိုးမရှိဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။


ထို့နောက် ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ အဖွဲ့ဝင် ဦးစိန်သောင်း၊ အဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြဝတီခရိုင် ဦးစီးမှူး ဦးရဲဇင်လတ်တို့က ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိခဲ့သည့်အသင်းတို့အား လည်းကောင်း၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ဂိုးသမားအကောင်းဆုံးဆု၊ အနောက်တန်း၊ အလယ်တန်းနှင့် အရှေ့တန်းအကောင်းဆုံး အားကစားသမားဆုများအား လည်းကောင်း၊  မြဝတီခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဌေးအောင် က မြဝတီမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦအောင်သွင်ဦးအား ဂုဏ်ပြုချီးမြှင့်ငွေအား လည်းကောင်း အသီးသီး ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။


ထိန်လင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)