ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် အဆိုအပေါ် ကန့်ကွက် ရှုတ်ချကြောင်း မြိတ်မြို့တွင် ဆန္ဒထုတ်ဖော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် အဆိုအပေါ် ကန့်ကွက် ရှုတ်ချကြောင်း မြိတ်မြို့တွင် ဆန္ဒထုတ်ဖော်


MNP ၊ ဇန်နဝါရီ ၁၂

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၌ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေး၌ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် အဆိုတစ်ရပ်ကို မဲခွဲချမှတ်ခဲ့မှုနှင့် ပတ်သက်၍ ကန့်ကွက်ရှုတ်ချကြောင်း မြိတ်မြို့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။


အဆိုပါ ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် အဆိုနှင့် ပတ်သက်၍ ကန့်ကွက်ရှုတ်ချ ဆန္ဒထုတ်ဖော်ပွဲကို ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ မြိတ်တောင်ကျေးရွာ အရှေ့သိမ်ဘောလုံးကွင်း၌ ဒေသခံပြည်သူများစုပေါင်း၍ ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ တစ်ဖက်သတ်ဆုံးဖြတ် ချက်များအား ဆန့်ကျင်ကြ၊ မြန်မာ့အရေးကို မြန်မာနိုင်ငံကသာဖြေရှင်းရေး ဒို့အရေး၊ အကြမ်းဖက်အားပေး ပြည်ပနိုင်ငံများ အလိုမရှိ၊ အကြမ်းဖက် NUG ၊ CRPH ၊ PDF အလိုမရှိ၊ အပြစ်မဲ့ပြည်သူများအား အကြမ်းဖက် သတ်ဖြတ်နေမှုအား ချက်ချင်းရပ်၊ ရဟန်းသံဃာနှင့် နိုင်ငံ့ဝန်ထမ်းများအား အကြမ်းဖက် သတ်ဖြတ်နေမှုများအား ချက်ချင်းရပ် စသည့် ကြွေးကြော်သံများဖြင့် ကြွေးကြော်၍ ပိုစတာများ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။


ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဗြိတိန်က တင်သွင်းခဲ့သော အဆိုကို ဆုံးဖြတ်ချက်ချခဲ့ပြီးနောက်ပိုင်း မမှန်ကန်သည့် အချက်အလက်များဖြင့် မြန်မာနိုင်ငံအပေါ် တစ်ဖက်သတ်ဖိအားပေးပြောဆိုနေခြင်းကြောင့် နိုင်ငံရေးပါတီများက ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ပုသိမ်၊ မော်လမြိုင်မြို့တို့တွင်လည်း ဆန့်ကျင် ကန့်ကွက်မှုများ လုပ်ဆောင်ခဲ့ကြသည်။


#MyanmarNationalPost #မြိတ် #UNSC

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)