လီဆူတိုင်းရင်းသားရိုးရာ နှစ်သစ်ကူးပွဲတော် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လီဆူတိုင်းရင်းသားရိုးရာ နှစ်သစ်ကူးပွဲတော် ကျင်းပ





MNP  -  ဇန်နဝါရီ  ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် လီဆူစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ကြီးမှူး၍ ကျင်းပပြုလုပ်သော လီဆူတိုင်းရင်းသားရိုးရာနှစ်သစ်ကူးပွဲတော်ကို ယနေ့နံနက် ၁၁ နာရီခွဲက အေးသာယာမြို့၊ အမှတ်(၅)ရပ်ကွက်၊ လီဆူစာပေနှင့်ယဉ်ကျေးမှုအသင်းခန်းမ၌ ကျင်းပကြောင်း သိရသည်။


လီဆူတိုင်းရင်းသား ရိုးရာနှစ်သစ်ကူးပွဲတော်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့် ရှမ်းပြည်နယ် လီဆူစာပေနှင့်ယဉ်ကျေးမှု ဥက္ကဋ္ဌ ဦးစိုးဝင်းတို့က နှစ်သစ်မင်္ဂလာ နှုတ်ခွန်းဆက်စကား ပြောကြားပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ လီဆူတိုင်းရင်းသား လူမျိုးရေးရာအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက လီဆူတိုင်းရင်းသားများကို အားပေးစကား ပြောကြားသည်။


ထို့နောက် လီဆူတိုင်းရင်းသား သက်ကြီးဘိုးဘွားများအား ဂါရဝမင်္ဂလာခံယူခြင်းကို လီဆူလူငယ်မောင်မယ်များက ကုသိုလ်ယူ ဆောင်ရွက်ပေးခဲ့ကြပြီး တောင်ကြီးမြို့နယ် လီဆူစာပေနှင့်ယဉ်ကျေးမှုဥက္ကဋ္ဌ ဦးအောင်ရွှေက ကျေးဇူတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်းနှင့် အခမ်းအနားတွင် လီဆူတိုင်းရင်းသားရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက် ပေးခဲ့ကြကြောင်း သိရသည်။


စိုင်းသန်းကျော်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)