သာကေတမြို့နယ် ကြက်ခြေနီအသင်းခွဲ၏ ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းအမှတ်စဉ် (၄/၂၀၂၂)နှင့် (၅/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာကေတမြို့နယ် ကြက်ခြေနီအသင်းခွဲ၏ ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းအမှတ်စဉ် (၄/၂၀၂၂)နှင့် (၅/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ





MNP  -  ဇန်နဝါရီ ၁

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ၊အောင်ဆန်းခန်းမ၌ ယမန်နေ့နံနက်(၉:၃၀)နာရီအချိန်က မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ သာကေတမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြီးမှူးဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းအမှတ်စဉ် (၄/၂၀၂၂)၊ (၅/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။


ရှေးဦးစွာ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာဝင်းမှ သင်တန်းဆင်း အမှာစကားပြော ကြားခဲ့သည်။ ထို့နောက်ကြက်ခြေနီရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း အမှတ်စဉ် (၄/၂၀၂)၌ ဆုရရှိသည့် အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၅)ဦးနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူ(၅)ဦးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌဦးကျော်စွာဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် အရှေ့ပိုင်းခရိုင် ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများက ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဥ္စမဆုများအား ချီးမြှင့်ခဲ့ပြီး၂၀၂၃-ခုနှစ်၊ စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားအားကစားအဖွဲ့၊ ဆပ်ကော်မတီ၊ နယကဖလားမြို့နယ်ပေါင်းစုံလှယဉ်ကျေးမယ်နှင့် ကာယအလှမယ်ပြိုင်ပွဲ၌ကာယအလှမယ် တတိယဆုရရှိသော သာကေတမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဒုတိယတပ်ခွဲမှူးမပန်းမြတ်မွန်အားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာဝင်းမှ ဂုဏ်ပြုဆုအား ချီးမြှင့်ပေးခဲ့သည်။


သာကေတမြို့နယ် ကြက်ခြေနီအသင်း ခွဲမှကြီးမှူးဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်းသင်တန်းအား ဒီဇင်ဘာလ(၉)ရက်နေ့မှ (၁၁)ရက်နေ့အထိ ကြက်ခြေနီအကြောင်းသိကောင်းစရာ၊ လူနာဆန်းစစ်ခြင်း၊ ဒဏ်ရာနှင့် သွေးယိုစီးခြင်း၊ အရိုးကျိုးခြင်း၊ သွေးဆုတ်သွေးလှန့်ခြင်း၊ အခြေခံအသက်ကယ်အထောက်အကူပြုနည်း၊အပူလောင်ခြင်း၊ အရည်အပူလောင်ခြင်း၊ အဆိပ်သင့်ခြင်းနှင့်ပတ်သက်သည့် ရှေးဦးပြုစုခြင်းနှင့်အခြေခံသဘောတရားများအား တိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ နည်းပြများမှအမှတ်(၁)၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းများ၌ ဖွင့်လှစ်သင်ကြားပေးခဲ့ရာကျောင်းသား၊ကျောင်းသူ(၂၀၆)ဦးတို့မှတက်ရောက်ခဲ့ကြောင်း သိရှိရသည်။


ဆောင်းနှင်းဖြူ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)