ဗန်းမော်မြို့တွင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲအခမ်းနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗန်းမော်မြို့တွင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲအခမ်းနား ကျင်းပ





MNP  - ဇန်နဝါရီ ၂၃

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့၊ ညောင်ပင်ရပ်ကွက်ရှိ ရောဘတ်စစ်ရှောင်စခန်း၌ ဗန်းမော်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကကြီးမှူး၍ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခန့်က ကျင်းပခဲ့ကြောင်း သိရှိရသည်။


အဆိုပါအခမ်းအနားတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းစိုးက နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်မှုဖြင့် ဗန်းမော်ခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက ဖွင့်လှစ်ပေးသည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာများကို အခြေခံ၍ နေရပ် စွန့်ခွာ စစ်ဘေးရှောင်ပြည်သူများ၊ ပညာရေးဆုံးခန်းမတိုင်သူ လူငယ်၊လူရွယ်များနှင့် တနိုင်တပိုင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ငန်းများထူထောင်နိုင်ရန်အတွက် အသက်မွေးဝမ်းကျောင်း ဆိုင်ရာ နည်းပညာသင်တန်းများကို တက်ရောက်ပြီး ရရှိလာတဲ့ပညာရပ်များကို လက်တွေ့ အသုံးချခြင်းဖြင့် မိသားစုများဝင်ငွေတိုးပွားရရှိနိုင်ကြောင်း၊ မိသားစု၏အိမ်စရိတ်ကိုခြိုးခြံချွေတာနိုင် ပြီး အရည်အသွေးကောင်းသည့်ပစ္စည်းများကိုလည်း မိမိတို့ကိုယ်တိုင် ထုတ်လုပ်သုံးစွဲနိုင်မည်ဖြစ် ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး နှစ်ခြင်းအသင်းတော် ဗန်းမော်ခရိုင်ရုံးမှ တာဝန်ရှိသူတစ်ဦးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။


ထို့နောက် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်တင်စိုးက ယခုဖွင့်လှစ်မည့်သင်တန်းတွင်  ဘက်စုံသုံးဆပ်ပြာရည်၊ပန်းကန်ဆေးဆပ်ပြာ၊ အဝတ်လျှော်ဆပ်ပြာ ၊ ရေချိုးဆပ်ပြာ၊ လက်ဆေးဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခရင်မ်၊ အဝတ်လျှော်မွှေးရည်၊ မှန်ကြည်ဆေး၊ မျက်နှာသစ်ဆပ်ပြာခဲအမျိုးမျိုးစုစုပေါင်း လူသုံးကုန်ပစ္စည်း(၁၀)မျိုး သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့် သင်တန်းကို ပြီးဆုံးသည်အထိတက်ရောက် စေလိုကြောင်း၊ နည်းပညာများကို တတ်မြောက်သည်အထိ လေ့လာသင်ယူစေလိုကြောင်း   သင်တန်းနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ပြီး ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးတင်အောင်သန်းက သင်တန်းအတွက် ကုန်ကြမ်းပစ္စည်းများကို သင်တန်းသူများထံ ပေးအပ်ခဲ့သည်။


အဆိုပါ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ရောဘတ်စစ်ရှောင်စခန်းမှ သင်တန်းသူ (၂၄)ဦး တက်ရောက်မည်ဖြစ်ပြီး သင်တန်းကို (၂၃.၁.၂၀၂၃) ရက်နေ့မှ (၂၇.၁.၂၀၂၃) ရက်နေ့အထိ (၅) ရက်ကြာ နည်းပြဆရာ၊ဆရာမ(၄)ဦးဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)