ပုဏ္ဏားကျွန်းမြို့၌ သက်ကြီးဘိုးဘွားများကို လူမှုရေးပင်စင်ထောက်ပံ့ငွေများ အိမ်တိုင်လာရောက်ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့၌ သက်ကြီးဘိုးဘွားများကို လူမှုရေးပင်စင်ထောက်ပံ့ငွေများ အိမ်တိုင်လာရောက်ထောက်ပံ့ပေးအပ်






MNP  - ၊ ဇန်နဝါရီ ၁၈

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့တွင် (၂၀၂၂-၂၀၂၃)ဘဏ္ဍာရေးနှစ်အတွက် အသက် (၈၅)နှစ်နှင့်အထက်ရှိ သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယနေ့၊ နံနက်(၉)နာရီက မြို့ပေါ်ရပ်ကွက်များသို့ အိမ်တိုင်လာရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။


ထိုသို့ထောက်ပံငွေပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်စံဝင်း နှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးအသင်းဝင်များနှင့်သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူတို့က ၂၀၂၂ ခုနှစ်၊ (ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ)လများအတွက် လူမှုရေးပင်စင်ခံစားခွင့်ရှိသော အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား အိမ်တိုင်လာရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။


     ထောက်ပံ့ပေးရာတွင် ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်တွင် ၆၀ ဦး၊ မြို့သစ်ရပ်ကွက်တွင် ၁၈ ဦး၊ ရွာဟောင်းရပ်ကွက်တွင် ၂၅ ဦး၊ အလယ်စုရပ်ကွက်တွင် ၆ ဦး၊ စုစုပေါင်း ဘိုးဘွား(၁၀၉)ဦးအတွက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှသိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)