ကံမမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကံမမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ



MNP  -  ဇန်နဝါရီ  ၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးဌာနမှ ဝန်ထမ်းများ ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။


အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းဌေးက အဖွင့်အမှာစကားပြောကြားပြီး တာဝန်ခံမြို့နယ်ပညာရေးမှူး ဦးမျိုးသူရအောင်က   ပညာရေးဆိုင်ရာများအား ဆွေးနွေးပြောကြားပြီးနောက် အခြေခံပညာကျောင်းများအနက် ကျောင်းအလိုက်ထူးချွန်ဆုရရှိကြသည့် ကျောင်းများနှင့်တိုင်းဒေသကြီးအဆင့် ခရိုင်အဆင့် မြို့နယ်အဆင့်တို့တွင် ကာယဉာဏထူးချွန်ဆုရရှိကြသည့် ကျောင်းသားကျောင်းသူများအား တာဝန်ရှိသူအသီးသီးက ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး  ကျောင်းသားကျောင်းသူလေးများက အကအလှများဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။


 ကျော်ဇေယျဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)