MNP - ဇန်နဝါရီ ၁၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင် ပရိယတ္တိသာသနာလင်္ကာရအသင်းမှ ကြီးမှူးကျင်းပသော နဝမအကြိမ် ရန်အောင်မြင်သာသနာလင်္ကာရအကျော် စာတော်ပြန်ပွဲတွင် အောင်မြင်သောစာအောင်သာမဏေများအား စာအောင်လက်မှတ် ဆက်ကပ် ပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်အောင်မြင်ဘုရားရှိ ဇမ္ဗူရာဇ်သိင်္ဂီဗိမာန်တော်၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ လယ်ဝေးမြို့၊ သံလမ်းပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတဘဒ္ဒန္တသုဇန အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်ဇနီး ဒေါ်မေမြင့်မောင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးဇေယျာလင်းနှင့်ဇနီး ဒေါ်ကလျာထွေး၊ ဦးမြင့်စိုးနှင့်ဇနီး ဒေါ်ခင်ဌေးလွင်၊ နေပြည်တော်သာသနာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးဆန်းထွန်းအောင်၊ လယ်ဝေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့်တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က ဇမ္ဗူရာဇ်သိင်္ဂီဗိမာန်တော်အတွင်းရှိ ဗုဒ္ဓရုပ်ပွာတော်အား ပန်း၊ရေးချမ်း၊ဆီမီးနှင့်ဆွမ်း ဆပ်ကပ်ပူဇော်သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်ဇနီး အမှူးပြုသော ဧည့်ပရိသတ်များက နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ လယ်ဝေးမြို့၊ သံလမ်းပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တသုဇနထံမှ ငါးပါးသီလခံယူဆောက် တည်ကြပြီး လယ်ဝေး မြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ သရက်တောကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာ ဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တကုမာရမှ ဩဝါဒါကထာ ချီးမြှင့်တော်မူသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က သာသနာရေးဆိုင်ရာကိစ္စရပ်များအားလျှောက်ထားပြီး ရန်အောင်မြင်သာသနာလင်္ကာရအသင်း ဥက္ကဋ္ဌ ဦးကြည်စိုးက ရန်အောင်မြင် ပရိယတ္တိ သာသနာ့လင်္ကာရအသင်း စတင်တည်ထောင်ခြင်းနှင့် ဆောင်ရွက်ပြီးစီးခဲ့သော သာသနာ လင်္ကာရစာမေးပွဲဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းလျှောက်ထားတင်ပြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်ဇနီး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က တတိယအဆင့် လင်္ကာရဘွဲ့အောင် သာမဏေ(၃)ပါးတို့အား စာအောင်လက်မှတ်များကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ ဇနီး ဒေါ်မေမြင့်မောင်က တတိယအဆင့် လင်္ကာရဘွဲ့အောင် သီလရှင်(၃)ပါးတို့အား စာအောင် လက်မှတ်များကို လည်းကောင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများ၊ တာဝန်ရှိ သူများက တတိယအဆင့်၊ ဒုတိယအဆင့်၊ ပထမအဆင့် လင်္ကာရဘွဲ့အောင် သာမဏေများနှင့် သီလရှင်များအား စာအောင်လက်မှတ်များကိုလည်းကောင်း အသီးသီး ဆက်ကပ်လှူဒါန်းခဲ့ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်ဇနီး ဒေါ်မေမြင့်မောင်တို့က ရန်အောင်မြင် ပရိယတ္တိ သာသနာ လင်္ကာရ အသင်းအတွက် အလှူငွေများပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။
ယင်းနောက် နေပြည်တော်တိုင်း သံဃနာယကအဖွဲ့ဥက္ကဋ္ဌ သရက်ကုန်းကျောင်းတိုက် ပဓာန နာယက ဆရာတော် ဒေါက်တာဘဒ္ဒန္တမုနိကုမာရထံမှ တက်ရောက်လာကြသူများက သာဓုအနုမော ဒနာ တရားနာကြားပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ “ဗုဒ္ဓသာသနံ စိရံတိဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး ဆရာတော်၊ သံဃာ တော်များအား နေ့ဆွမ်း ဆပ်ကပ်လှူဒါန်းခဲ့သည်။
နဝမအကြိမ် ရန်အောင်မြင်သာသနာလင်္ကာရအကျော် စာတော်ပြန်ပွဲတွင် မြန်မာနိုင်ငံအနှံ့ပြားမှ စာဖြေ သာမဏေနှင့် သီလရှင် စုစုပေါင်း အပါးတစ်ထောင်ကျော်တို့က ဇန်နဝါရီ (၂)ရက်နေ့မှ (၄) ရက် နေ့အထိ (၃) ရက်ကြာ ဖြေဆိုခဲ့ကြပြီး ဖြေဆိုအောင်မြင်ခဲ့သည့် သာမဏေနှင့်သီလရှင်များအား ယခုလို စာအောင်လက်မှတ်များ ဆပ်ကပ်လှူဒါန်းပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
အောင်ကို
https://t.me/MyanmarNationalPost
No comments:
Post a Comment