မဟာအောင်မြေမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်‌ရေးနေ့အထိမ်းအမှတ် ဘောလုံးအားကစားပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မဟာအောင်မြေမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်‌ရေးနေ့အထိမ်းအမှတ် ဘောလုံးအားကစားပြိုင်ပွဲ ကျင်းပ



MNP  -  ဇန်နဝါရီ  ၅

မန္တလေးခရိုင်၊မဟာအောင်မြေမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်‌ရေးနေ့ မိသားစုဘောလုံးပြိုင်ပွဲ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အလွတ်တန်း ဘောလုံးပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက မဟာအောင်မြေမြို့နယ်၊မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့သည်။


မဟာအောင်မြေမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်နှင့် အားကစားဝါသနာရှင်များပူးပေါင်း၍ အသင်းပေါင်း(၁၀)သင်းဝင်ရောက်ယှဉ်ပြိုင်စေခဲ့ပြီး ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ(၁၇)ရက်နေ့မှ စတင်ကျင်းပပေးခဲ့ရာ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် (ပထမ-ဒုတိယ-တတိယ)ရွေးချယ် ကျင်းပခဲ့ကြောင်းသိရသည်။


အဆိုပါ ဘောလုံးပြိုင်ပွဲကျင်းပပေးရခြင်းရွယ်ချက်မှာ ထူးချွန်ပြီး အရည်အသွေးပြည့်ဝသည့်မျိုးဆက်သစ်လူငယ်ကစားသမားများ ရွေးချယ်ဖွဲ့စည်းနိုင်စေရန်၊ မျိုးဆက်သစ်လူငယ်ကစား သမားများတိုးတက်ပြန့်ပွားလာစေရန်၊ မြို့နယ်လက်ရွေးစင်အဆင့်မှခရိုင်နှင့် တိုင်းဒေသကြီး လက်ရွေးစင်အဆင့် မျိုးဆက်သစ် လူငယ်အားကစားသမားများ မွေးထုတ်ရာတွင် အထောက်အကူပြုစေရန်၊ မြို့နယ်အတွင်းရပ်ကွက်များမှ အားကစားသမားများစုစည်း၍ ချစ်ကြည်ရင်းနှီးမှု ရရှိခြင်းဖြင့် ပြည်ထောင်စုစိတ်ဓာတ်ပိုမိုခိုင်မြဲလာစေရန်၊နိုင်ငံတော်၏ အားကစားလှုပ်ရှားမှုများကို အထောက်အကူဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်းသိရပြီး ဆုရအသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးတင်မြင့်ဦးက ပထမဆု တံခွန်စိုက်ဖလား နှင့်ငွေသားဆု(၅)သိန်း၊ ဒုတိယဆု တံခွန်စိုက်ဖလားနှင့်ငွေသားဆု(၃)သိန်း၊ တတိယပူးတွဲဆုအား ငွေသားဆု(၁)သိန်း၊ အသန့်ရှင်းဆုံးအသင်းနှင့် အ‌ကောင်းဆုံးကစားသမားဆုများအား (၃)သောင်း စီ အသီးသီးပေးအပ်ချီးမြင့်ခဲ့သည်။


ဘောလုံးအားကစားပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးတင်မြင့်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အားကစားမှူး ဦးရှီးမွန်၊ဒု-ဥက္ကဋ္ဌ မြို့နယ်ဘောလုံး အဖွဲ့ချုပ်၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်း(၂၀၀၀)ဦးခန့်လာရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


အောင်ဇော်မင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)