ရွှေညောင်မြို့တွင် မီတာများစစ်ဆေးခြင်း၊ ဓာတ်အားလိုင်းများ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေညောင်မြို့တွင် မီတာများစစ်ဆေးခြင်း၊ ဓာတ်အားလိုင်းများ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်



MNP  -  ဇန်နဝါရီ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရွှေညောင်မြို့ လျှပ်စစ်အင်ဂျင်နီယာရုံး၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာဦးစီး၍ ဝန်ထမ်းများက မီတာများစစ်ဆေးခြင်း၊ ဓာတ်အားလိုင်းများ ထိန်းသိမ်းပြုပြင်ခြင်း၊ ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် ၉ နာရီက စတင်ဆောင်ရွက်သည်။


အဆိုပါလုပ်ငန်းများအား ဓာတ်အားပျောက်ဆုံးမှုလျော့နည်းစေရေး၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ ဝန်အားပြည့်ဝစွာ အသုံးပြုနိုင်ရေး၊ စဉ်ဆက်မပြတ်ဓာတ်အားရရှိရေးနှင့် တရားမဝင်ဓာတ်အားသုံးစွဲ မှု မရှိစေရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ပြီး လစဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)