ကျောက်ဆည်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ငရုပ်စိုက်ဧက(၁၁၉၃)ဧက စိုက်ပျိုးပြီးဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ငရုပ်စိုက်ဧက(၁၁၉၃)ဧက စိုက်ပျိုးပြီးဖြစ်


MNP  -   ဖေဖော်ဝါရီ ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ငရုပ်စိုက်ဧက (၁၅၄၁)ဧက စိုက်ပျိုးရန်လျာထားခဲ့ရာ (၁၁၉၃)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။


ကျောက်ဆည်မြို့နယ်အနေဖြင့် ငရုပ်များစိုက်ရာတွင် တောင်သူများအနေဖြင့်စိုက်ပျိုးမြေအနေအထားနှင့် ဈေးကွက်ရရှိရေး သီတင်းကျွတ်လမှတပိုတွဲလအထိ စိုက်ပျိုးကြကြောင်း စိုက်ပျိုးရာတွင် အစိုစိုက်(ရေတင်စိုက်ပျိုးခြင်း)နှင့် အခြောက်စိုက်(ထယ်ရေးပြင်ပြီးသားမြေတွင် မြေကျင်းတူးရေလောင်းစိုက်ပျိုးခြင်း)ဟူ၍ အမျိုးမျိုးစိုက်ပျိုးကြကြောင်း ခူးဆွတ်ရောင်းချရာတွင် ဈေးကွက်ကောင်းပါက အသီးအစိမ်းဆွတ်ရောင်းပြီး ဈေးကွက်မကောင်းပါက အမှည့်ထားအခြောက်လှန်းရောင်ချခြင်းများပြုလုပ်ကြကြောင်း စပါယ်တောကျေးရွာမှ တောင်သူဦးကျော်သိန်းက ပြောပြသည်။


ငရုပ်များစိုက်ပျိုးရာတွင် တိုက်နယ်(၁)တွင်(၂၉၁)ဧက၊ တိုက်နယ်(၂)တွင်(၃၈၈)ဧက၊ တိုက်နယ်(၄)တွင်(၉၈)ဧက၊ တိုက်နယ်(၅)တွင်(၁၆)ဧက၊ တိုက်နယ်(၆)တွင်(၄၂)ဧက၊ တိုက်နယ်(၈)တွင်(၄၅)ဧက၊ တိုက်နယ်(၁၀)တွင်(၁၄၃)ဧက၊ တိုက်နယ်(၁၁)တွင်(၉၆)ဧက၊ တိုက်နယ်(၁၂)တွင်(၇၄)ဧက စုစုပေါင်း(၁၁၉၃)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။


သက်မောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)