သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွားသင်တန်း(၁/၂၀၂၃)သံတွဲ၌ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွားသင်တန်း(၁/၂၀၂၃)သံတွဲ၌ဖွင့်လှစ်



MNP  -  ဇန်နဝါရီ  ၉

သံတွဲခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်း(၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉း၄၀ နာရီက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးချစ်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သူဇာမြင့် က သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို  ဇန်နဝါရီ ၉ ရက်နေ့မှ   ၁၁ ရက်နေ့အထိဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသားများအနေဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ၊မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ ၊ စေတနာ့ဝန်ထမ်း လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်းတက်ရောက်ကြပြီး  ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့ ၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနနှင့်ကြက်ခြေတပ်ဖွဲ့တို့မှ တာဝန်ရှိသူများက နည်းပြများအဖြစ် သင်ကြားပို့ချ သွားမည် ဖြစ်ကြောင်းသိရှိရသည်။


ထိုသို့သင်တန်းဖွင့်လှစ်ရခြင်းမှာ သံတွဲခရိုင်အတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံချက်များကို အကောင်အထည်ဖေါ်ဆောင်ရွက်ရန်နှင့် မိမိပါဝင်ဆောင်ရွက်ရမည့် အခန်းကဏ္ဍအလိုက် အချိတ်အဆက်ထိမိစွာ ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးလုပ်ငန်းများကို ထည့်သွင်းဆောင်ရွက်နိုင်ရန် ၊ ပြည်သူလူထုအတွင်း သဘာဝဘေးလျော့ပါးရေး လုပ်ငန်းများလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း မိမိရပ်ရွာအတွင်းရှိ ပြည်သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာဗဟုသုတများ၊ သဘာဝဘေးအန္တရာယ်မကျရောက်မီ၊ ကျရောက်စဉ်နှင့် ကျရောက်ပြီးနောက် ဆောင်ရွက်မည့်လုပ်ငန်းများကို အသိပညာပေးနိုင်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သူဇာမြင့်ထံမှသိရှိရသည်။

                                                                                                

 သန့်ဇင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)